V7 Chapter 3

49 10 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 3 - လျှို့ဝှက်စခန်း

"မမလင်ဒါ၊ မင်္ဂလာနေ့လယ်ခင်းပါ။"

ဖားလေးက လင်ဒါကိုတွေ့တာနဲ့ လက်ထဲက ပန်းပွားလေးကို မြှောက်ပြီးတော့ နှုတ်ဆက်တယ်။ ချိုင်းပြတ်အားကစားအင်္ကျီလေး ဝတ်ထားတာကြောင့် ချိုင်းသားဖြူဖြူဖွေးဖွေး​လေးကို လူတွေမြင်နေရတယ်။

မက်ဒါနာကတော့ ဝှီးချဲလေးကိုမောင်းရင်း ဖားလေးနားကို ​သေချာကပ်သွားတယ်။ သူ့လက်ညိုးနဲ့ ဖားလေးရင်ဘတ်ကို ထိုးကြည့်ဖို့လုပ်တော့ လင်ဒါက လက်ကို လေထဲမှာတင် ဖမ်းထားလိုက်ပြီး ထရိုက်တော့မယ့်အပြုံးနဲ့ မေးလာတယ်။

"မက်ဒါနာရေ၊ နင့်ကိုယ်နင် ဘာလုပ်နေတယ်လို့ထင်လဲ။"

"သူ့ဟာတွေ အစစ်ဟုတ်မဟုတ် တို့ကြည့်မလို့လေ။"
မက်ဒါနာက ဘာမှမထူးဆန်းသလိုမျိုး ပြောလိုက်မိတဲ့အတွက် လင်ဒါက ခါးမှာချိတ်ထားတဲ့ လက်ထိပ်ကိုဖြုတ်ပြီး မက်ဒါနာကိုဖမ်းတော့မယ့်ဟန်နဲ့ ပြောလိုက်တယ်။

"အဲဒါ တရားဥပဒေကို ချိုးဖောက်ရာကျတယ်နော်။ နင်က အချုပ်ထဲမှာ ညအိပ်ချင်လို့လား။"

ဖားလေးကတော့ ခေါင်းကိုစောင်းပြီး မက်ဒါနာကို နားမလည်နိုင်စွာနဲ့ကြည့်နေတယ်။ ရုပ်ဖျက်ထားတဲ့ အခြေအနေမှာရှိနေတဲ့ မက်ဒါနာကို ဖားလေးမမှတ်မိပါဘူး။ "ဒီက ဆံပင်ရွှေရောင်နဲ့ အစ်မကြီးက...."

"ဟိုင်း... ငါက ရုရှားကရောက်လာတဲ့ ပေါ်လီယာနာ..." မက်ဒါနာကြွားချိန်တောင် မရောက်လိုက်ဘူး လင်ဒါက မက်ဒါနာကျောကို လက်ဝါးကြီးနဲ့ ဖြန်းခနဲရိုက်ပြီး ဖားလေးနားနားကပ်ကာ ပြောလိုက်တယ်။ ဖားလေးက တကယ်ကြီး အံ့ဩသွားတဲ့ပုံစံနဲ့ ပါးစပ်ကို လက်ဝါးနဲ့အုပ်ပြီး...

"ဘုရားရေ၊ ဆာဆေးဗားနိုက်က အဲဒီငွေရောင်​ဆံပင်နဲ့အစ်မကြီးလား။ ပြီးတော့ အခုရွှေရောင်ဆံပင်နဲ့အစ်မကြီးက ငွေရောင်ဆံပင်နဲ့အစ်မကြီးပေါ့။"

မက်က ဖားလေးစကားကိုနားထောင်ရင်း သူ့ခေါင်းသူကုတ်ပြီး မှတ်ချက်ချလိုက်တယ်။ "ကြားရတာ ရှုပ်နေတာပဲ ဘာတွေမှန်းကိုမသိဘူး။"

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now