V5 Chapter 15

71 11 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V5 Chapter 15 - စစ်မြေပြင်

"သခင်မ​လေး၊ အကုန်လုံး အဆင်ပြေတယ်။ ဒီမှာစက်တွေစလည်နေပြီမလို့ အများကြီးထုတ်နေပြီ။"
မက်ဒါနာ စက်ရုံကိုထပ်သွားလည်တော့ သက်လတ်ပိုင်း ဦးလေးကြီးက သူ့ဆီကိုပြေးလာပြီး အစီရင်ခံတယ်။ မက်ဒါနာနဲ့အတူ ဒီပလည်းပါလာပြီး မက်ဒါနာရဲ့တိုးတက်လာတဲ့ စက်ရုံစီမံကိန်းကြောင့် အံ့ဩနေပါတယ်။

နာနို CNC စက်တွေအားလုံးရောက်နေပြီ။ မက်ဒါနာက ဝန်ထမ်းတွေအားလုံးထဲက လုပ်သက်အရင့်ဆုံးတစ်ယောက်ကို စက်ရုံမှူးခန့်လိုက်တာမလို့ စီမံရတဲ့အခက်အခဲတွေ တစ်ဝက်သက်သာသွားတယ်။ ကောင်းမွန်တဲ့ မန်နေဂျာတစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင် လူကဲခတ်တော်ရမယ်တဲ့။

ဖလေရာတစ်ယောက် မန်နေဂျာဘယ်လိုလုပ်လဲတော့မသိပေမဲ့ မက်ဒါနာကတော့ အင်တာနက်ပေါ်က ၂၄နာရီ MBA စာအုပ်ကို ဒေါင်းလုပ်ခ်လုပ်ပြီးလေ့လာနေတာ။ သူ့ရဲ့ဉာဏ်ရည်တုစနစ်တွေက ဝိဇ္ဇာပညာတွေကို အလွယ်နည်းနဲ့မှတ်စုထုတ်ပေးနိုင်စွမ်းမရှိပေမဲ့ လိုအပ်တဲ့စာအုပ်တွေကိုတော့ ရှာပေးနိုင်တယ်လေ။ ပြီးတော့ မက်ဒါနာကိုယ်တိုင်ကလည်း ဉာဏ်ကောင်းတဲ့အတွက် ရက်အနည်းငယ်အတွင်းမှာပဲ လက်တွေ့နဲ့သီအိုရီပိုင်းကို ပေါင်းစပ်နိုင်သွားပြီ။

Operation Managementပိုင်းမှာဆိုရင် တကယ့် MBAရထားတဲ့သူတွေနဲ့တောင် ပြိုင်စကားရည်လုနိုင်စွမ်းရှိတယ်။

"ထင်ထားသလောက်တော့မဟုတ်ပေမဲ့ တစ်နေ့ကို နှစ်ရာလောက်ထုတ်နိုင်တယ်ဆိုတာက တကယ့်ကိုအံ့ချီးဖွယ်ပဲ။ ဆုဗာနာအစိုးရကို စက်ရုံလွှဲပေးဖို့ကလည်း အသင့်ဖြစ်နေပြီဆိုတော့ ငါ့မှာသိပ်စိတ်ပူစရာမရှိတော့ဘူးပဲ။" မက်ဒါနာက သူ့ဆံပင်ရှည်လေးတွေကို လက်နဲ့သပ်ကြည့်ရင်း ခေါင်းညိတ်လိုက်တယ်။

ဒီပလည်း မက်ဒါနာရဲ့ဝှီးချဲကို နောက်ကနေတွန်းပြီး ​စက်ရုံအတွင်းပိုင်းပို့ပေးတယ်။ ကိုယ့်ဘာသာကိုယ် မောင်းသွားလို့ရပေမဲ့ သူများလိုက်ပို့ပေးတော့လည်း တစ်မျိုးတော့ ဇိမ်ရှိသားရယ်။

"အစ်မကြီးစက်ရုံကထွက်တဲ့ ဝတ်စုံတွေကို နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့အပြင် တပ်ရင်းနှစ်ခုမှာပါ တပ်ပြီးသွားပြီ။ အဖိုးကလည်း လွှတ်တော်ကို စက်ရုံလွဲမယ့်ကိစ္စနဲ့ပတ်သက်ပြီး ဖိအားပေးနေတယ်။ စက်ရုံက အစိုးရလက်အောက်ကိုရောက်တာနဲ့ အစ်မကြီးမျှော်လင့်ထားသလိုပဲ ငွေအင်အားဖြည့်ပြီး အလုံးအရင်းထုတ်လုပ်လိမ့်မယ်။"

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now