V6 Chapter 3 ကတိတစ်ခု

66 11 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 3 - ကတိတစ်ခု

နောက်တစ်နေ့မနက်ရောက်တော့ မက်ဒါနာက အေမီကို ငွေရောင်စစ်သည်ချပ်ဝတ်ကို ထုတ်ပေးပြီးအမိန့်ကိုပြောလိုက်တယ်။

"ဝါရှင်တန်ကိုသွား၊ လူတွေအန္တရာယ်ရှိလာရင် ဝင်ကူပေးလိုက်။" အေမီက မျက်နှာသေနဲ့ အဲဒီစကားကိုနားထောင်ပြီး ပရိုဂရမ်သွင်းထားတဲ့အတိုင်း ဦးညွှတ်ကာ အဆောင်ထဲကနေထွက်သွားတယ်။

ဒီနေ့နေ့လယ်ဆိုရင် ဂျိုးလ်ဝဲလ်ဆင်က သမ္မတအိမ်ဖြူတော်ရှေ့မှာ မိန့်ခွန်းပြောတော့မှာ။ လက်နက်သစ်တွေတပ်တော်ဝင်တဲ့နေ့မှာ ဆန့်ကျင်သူတွေကို မိန့်ခွန်းပြောတာဟာ လုံးဝပုံမှန်မဟုတ်ပါဘူး။

"ငါကိုယ်တိုင်သွားလို့ရရင်လည်း ကောင်းသားပဲ။" မက်ဒါနာက သက်ပြင်းချလိုက်တယ်။

ဒါပေမဲ့ သူ့မှာက အဲဒီကိစ္စထက် ပိုအရေးကြီးတဲ့ကိစ္စတစ်ခုရှိပါသေးတယ်။ အလုပ်လျှောက်ဖို့ကိစ္စပါ။ သူ့ရဲ့ဆိုက်ရောက်ဗီဇာက မကြာခင်သက်တမ်းကုန်မှာ။ အလုပ်ရပြီးမှ နှစ်နဲ့ချီနေလို့ရမယ့်ဗီဇာရမှာမဟုတ်လား။

မက်ဒါနာကို အေမီက ကိုယ်လက်သန့်ရှင်းရေးကူလုပ်ပြီး အဝတ်လဲပေးပြီးပြီမလို့ အခုသူ့အနေနဲ့ အသင့်သွားရုံပဲ။ ဝှီးချဲလေးကို ကိုယ်တိုင်မောင်းပြီး အခန်းတံခါးဝကနေ အပြင်ထွက်လိုက်ပြီးတဲ့နောက်တော့ အလုပ်မသွားကြသေးဘဲ တစ်ယောက်နဲ့တစ်​ယောက်ကျူနေကြတဲ့ အန်တီလေးအိုလီဗာတို့စုံတွဲကို လမ်းပေါ်မှာမြင်လိုက်ရလေရဲ့။

သူတို့က ရုပ်ဖျက်ထားတဲ့ မက်ဒါနာကိုမြင်တော့ လှမ်းလက်ပြကြတယ်။ "ဟေး၊ မက်ဒါနာလေ။ ဘယ်သွားမလို့လဲ။"

"အလုပ်ကိစ္စရှိလို့၊ ဒီနေ့တော့ နောက်ကျမှပြန်လာဖြစ်မယ်ထင်တယ်။" မှာစရာရှိတာမှာပြီးတဲ့နောက်တော့ မက်ဒါနာက လမ်းမရှေ့ကိုထွက် တက္ကစီငှားပြီး နယူးယောက်ဟီးရိုးကျောင်းဆီကို ထွက်လာခဲ့တယ်။

...

"ဒါက နယူးယောက်ဟီးရိုးကျောင်းလား။" မက်ဒါနာတစ်ယောက် သူ့မျက်စိရှေ့က မြင်ကွင်းကို ယုံတောင်မယုံနိုင်ဘူး။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now