V7 Chapter 36

43 4 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 36 - လျှို့ဝှက်ချက်

နှာခေါင်းကနေ အနံသင်းသင်းလေးရနေတဲ့အတွက်
မျက်လုံးဖွင့်ကြည့်လိုက်တော့ အရင်ဆုံးမြင်လိုက်ရတာက လင်ဒါရဲ့ရင်ဘတ်ကိုပါ။ သူ့ခေါင်းကတော့
ခေါင်းအုံးပေါ်မှာ ရှိမနေတော့ဘဲ လင်ဒါ့လက်မောင်းကို အုံးထားမိလျက်သား။ လင်ဒါကတော့ အားနေတဲ့ လက်တစ်ဖက်နဲ့ ခေါင်းကိုထောက်ထားရင်း သူ့ကိုပြုံးပြုံးကြီး စိုက်ကြည့်နေလေရဲ့။

"ကောင်းသောနံနက်ခင်းပါ၊ မက်ဒါနာ။ နင်နိုးလာတာကို ငါစောင့်နေတာ။"

မက်ဒါနာ သတိဝင်လာပြီး သူ့ကိုယ်သူပြန်ကြည့်တော့ လင်ဒါရဲ့ခါးကို ဖက်ထားလျက်သား အိပ်ပျော်နေခဲ့မှန်း သတိထားမိပြီး အိပ်ရာပေါ်ကနေ ခုန်ထလိုက်မိတယ်။ မနေ့ညက အလယ်မှာလီဆာရှိနေခဲ့တာပါ၊ အခုတော့ အိပ်ရာပေါ်မှာ သူတို့နှစ်ယောက်ပဲရှိတော့တာဖြစ်ပြီး တစ်ယောက်နဲ့တစ်​ယောက်ပူးကပ်နေကြတယ်လေ။

"မ... မနေ့ညက ဘာတွေဖြစ်ကုန်တာလဲ။"

လင်ဒါကတော့ သူ့ကိုရဲရဲကြီးစိုက်ကြည့်ရင်း နားချိတ်လုမတတ် ပြုံးပြရှာတယ်။ "ဘယ်သူသိမှာလဲ။ တို့နိုးလာတော့ ဒါလင်က တို့ကိုဖက်ပြီးအိပ်နေတာလေ။"

"....." ကြည့်ရတာ အခြေအနေကောင်းပုံမရဘူး။ ပြီးတော့ တခွိခွိရယ်သံကြားလို့ မျက်နှာကျက်ကိုမော့ကြည့်တော့ တန်ဖိုးကြီးမီးဆိုင်းကြီး ပြိုကျမှာကို မစိုးရိမ်တဲ့အလား အမြီးနဲ့မီးဆိုင်းကိုချိတ်ပြီး ​​ဇောက်ထိုးအနေအထားနဲ့ သူတို့ကိုစိုက်ကြည့်နေတဲ့ လီဆာကိုတွေ့လိုက်ရတယ်။ လီဆာက သူတို့နှစ်ယောက်ကို လက်ညိုးနဲ့ညွန်ပြရင်း

"မေမေတို့ ညကလုပ်နေတာတွေမှန်သမျှ သမီးအကုန်မြင်တယ်နော်။ မေမေမက်ဒါနာက ဗိုက်ဆာတယ်ဆိုပြီး မေမေ့လင်ဒါပန်းသီးကို ကိုက်လိုက်သေးတယ်။"

"....." မက်ဒါနာကတော့ တိတ်ဆိတ်စွာနဲ့ပဲ သမီးဖြစ်သူနဲ့ ကြင်ဖော်​ကြင်ဖက်လင်ဒါကို ကြောင်စီစီလေး လိုက်ကြည့်နေတယ်။ ညက အဲဒီလိုတကယ်ဖြစ်သွားတာလား။ သူတကယ်ပဲ မမှတ်မိဘူး။

လီဆာပြောလိုက်တာ အသံကျယ်သွားလို့လားမသိဘူး အပြင်ကအုပ်စု တံခါးကိုအတင်းဖွင့်ဖို့ကြိုးစားနေလို့ တံခါးကြီးက ဒဏ်မခံနိုင်တော့ဘဲ ပြိုကျသွားတယ်။ ပထမဆုံးပြေးဝင်လာတာက အေမီဖြစ်ပြီး အခန်းတွင်းက အ​ခြေအနေကို ကြည့်ပြီး တအီအီနဲ့စငိုတော့တာပဲ။ မျက်ရည်မထွက်ပေမဲ့ပေါ့။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now