V5 Chapter 13

81 11 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V5 Chapter 13 - ပြင်ဆင်မှုများ

စက်ရုံဆောက်တာပြီးသွားပြီ။ အခုက ဧပြီလ သုံးရက်နေ့ပါ။

တိဗက်ကုန်းမြေမြင့်ကနေမှာထားတဲ့ စက်ပစ္စည်းတွေရောက်မလာသေးပေမဲ့ မက်ဒါနာက ဝန်ထမ်းသစ်တွေကို ကိုယ်တိုင်လေ့ကျင့်ပေးဖို့အတွက် ရှိတဲ့လက်လုပ်တွင်ခုံတွေနဲ့ အစမ်းပြပေးဖို့ ဆုံးဖြတ်လိုက်တယ်။

ဆောက်ပြီးကာစ စက်ရုံအသေးလေးထဲကို မက်ဒါနာဝင်လိုက်တော့ အသစ်ခန့်ထားတဲ့ လုပ်သားနှစ်ဆယ်က အကုန်​မြေပေါ်မှာကျုံကျုံလေးတွေနေပြီး မက်ဒါနာကို ဂါရဝပြုဖို့လုပ်နေကြတယ်။

"ရှင်... ရှင်တို့ဘာလုပ်နေကြတာလဲ။" မက်ဒါနာက မေးလိုက်တော့ လုပ်သားတွေအကုန်လုံးက ပြိုင်တူပဲ ထူးဆန်းတဲ့နည်းလမ်းနဲ့ နှုတ်ဆက်လိုက်တယ်။

"မင်းသမီးလေးမက်ဒါနာ သက်တော်ရာကျော်ရှည်ပါစေ။" ဒီမြင်ကွင်းကြောင့် ဝှီးချဲပေါ်မှာရှိနေတဲ့ မက်ဒါနာတစ်ယောက် တစ်ကိုယ်လုံးမာတောင့်သွားပြီး မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရတယ်။ ဒါပေမဲ့ မက်ဒါနာက အတင်းလုပ်ပြုံးထားရင်း အလုပ်သမားတွေကို ကြမ်းပြင်ကနေထခိုင်းလိုက်တယ်။

"ကျ... ကျွန်မက မင်းသမီးဆိုပေမဲ့ ဒီလောက်ကြီး အရေးတယူလုပ်စရာမလိုပါဘူး။ ဒီအတိုင်းရိုးရိုးမိန်းကလေးတစ်ယောက်လို့ပဲမှတ်ပြီး လုပ်စရာရှိတာ လုပ်ကြပါ။"

"အမိန့်တော်အတိုင်းပါ မင်းသမီးလေး။" ဒါပေမဲ့ ဒီအလုပ်သမားတွေက နည်းနည်းလေးမှ ဂရုမစိုက်ကြဘူးရယ်။ နောက်ဆုံးတော့ မက်ဒါနာလည်း သူ့ကိုတော်ဝင်မျိုးတစ်ယောက်လိုမျိုး ဆက်ဆံနေတဲ့ ဝန်ထမ်းတွေကို လစ်လျူရှုဖို့ကြိုးစားရင်း ဆုဗာနာစစ်တပ်က ထုတ်ပေးလိုက်တဲ့ ဇက်သတ္တုချပ်ဝတ်တွေထဲကတစ်ခုကို ကောက်ကိုင်လိုက်ပြီး လက်တွင်ခုံအောက်မှာ ထားလိုက်တယ်။

"ဆုဗာနာချပ်ဝတ်တွေကို အဆင့်မြှင့်ဖို့တစ်ခုတည်းသောနည်းလမ်းက နည်းပညာမြင့်Coreကို ဝတ်စုံရဲ့ရင်ဘတ်မှာ မြုပ်နှံဖို့အတွက် နေရာတစ်ခုကိုဖန်တီးတာပဲ။ ဒီအတွက် ရင်ဘတ်မှာအပေါက်တစ်ခုဖောက်ရမယ်။ သာမန်တွင်ခုံစက်တွေကတော့ ဇက်သတ္တုကိုအပေါက်မဖောက်နိုင်တာမလို့ ဒီတွင်ခုံစက်တွေမှာ အထူးသတ္တုလွန်သွားကို တပ်ဖို့လိုလိမ့်မယ်။"

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now