V7 Chapter 4

47 6 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 4 - သတိထားမိသွားခြင်း

ရုတ်တရက် ခြုံထားတဲ့စောင် အဖယ်ခံလိုက်ရတဲ့အတွက် မက်ဒါနာထိတ်လန့်သွားတယ်။ မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက အေမီရဲ့ရေခဲတုံးလို အေးစက်နေတဲ့မျက်နှာပါ။

"မမလေးရှင့်၊ နယူးယောက်စံတော်ချိန် နံနက်ခြောက်နာရီရှိပါပြီ။ အခုမှမထရင် မနက်စာလွတ်ပါလိမ့်မယ်။"

"ဟုတ်သားပဲ၊ အေမီနှိုးပေလို့ပဲ။" မက်ဒါနာက ခါးကိုမတ်ပြီး ထထိုင်လိုက်တယ်။ အေမီက မက်ဒါနာကို ဝှီးချဲပေါ် ကူတင်ပေးပြီး ကိုယ်လက်သန့်ရှင်းရေးလုပ်ဖို့ ကူညီပေးတယ်။ ဒီနေ့က မက်ဒါနာကိုယ်တိုင် အတန်းဝင်ရမယ့်နေ့၊ တခြားသူတွေကို ကျောင်းမှာအတန်းချိန်မှန်အောင် ဝင်သင်ခိုင်းပြီး ကိုယ်တိုင်နောက်ကျနေလို့မဖြစ်တာကြောင့် မက်ဒါနာက အေမီကို အလန်းပေးထားတာ။

"ကျေးဇူးပဲအေမီ၊ နင်သိပ်တော်လာပြီ။" မက်ဒါနာက သူ့ကိုအဝတ်လဲပေးနေတဲ့ အေမီရဲ့ဂုတ်ပေါ်ဝဲကျနေတဲ့ ဆံစလေး​တွေကို ပြန်တင်ပေးပြီး ခေါင်းကိုသာသာလေး ပုတ်ပေးလိုက်တယ်။ အေမီကတော့ ခံစားချက်မဲ့တဲ့မျက်နှာနဲ့ သူ့ကိုမော့ကြည့်ပြီး ဝတ်ပေးရမယ့် ပင်တီလေးကို လက်နှစ်ဖက်နဲ့ ဆွဆန့်လိုက်တယ်။

"ဟဲ့ အေမီရေ၊ ဒီပင်တီက ငါလည်းမမြင်ဖူးပါ့လား။ ဇာနက်ဆိုပေမဲ့ ဘာလို့ကြိုးက ပါးပါးလေးဖြစ်နေတာလဲ။"

"မနေ့က အဝတ်တွေမ​ခြောက်တာနဲ့ ကိုယ်တိုင်ထွက်ဝယ်ထားတာပါ မမလေး။ နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"

"ထားတော့၊ ဝတ်လို့ရရင် ပြီးတာပဲဟာ။" စိတ်ထဲ သိပ်အလိုမကျပေမဲ့ အတွင်းခံဆိုတာက အထဲမှာဝတ်ရတာမလို့ သူများမြင်မှာမဟုတ်တာနဲ့ အလွယ်တကူပဲ လက်ခံလိုက်တယ်။ ပြီးတော့ အေမီပြောသလိုပဲ မနေ့က မိုးတွေတအားရွာနေတာနဲ့ အဝတ်လှန်းချိန်ကိုမရှိတာ။ ဒီတော့ ပိုက်ဆံနှမျောမနေတော့ဘဲ ရှိသမျှအဝတ်အစားတွေကို ပင်မင်းဆိုင်ပို့ပြီး အေမီက အဝတ်သစ်တွေဝယ်လာပေးထားတာ။

အဝတ်အစားတွေဝတ်ပြီးတဲ့နောက် အေမီကြော်ပေးထားတဲ့ ကြက်ဥကြော်နဲ့ မနက်စာကို ကိစ္စဖြတ်ပြီး ဝှီးချဲလေးနဲ့အတူ ကျောင်းကိုသွားရတယ်။ လမ်းတစ်ဝက်မှာ အချိန်ဇယားကို ထုတ်ကြည့်လိုက်သေးတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now