V6 Chapter 17

48 7 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 17 -

ဖရန့်ရွာထဲကို ဝင်လိုက်ပေမဲ့ လူရိပ်လုံးဝမတွေ့ရဘူး။ ရွာထဲမှာ လူတစ်ယောက်မှကိုမရှိတာ။ ပန်းသီးလေးကတော့ တစ်ခုခုကို စိုးရိမ်နေဟန်နဲ့ နေရာတိုင်းကို သတိထားပြီးကြည့်နေတယ်။

ဖရန့်အိမ်တစ်လုံးရှေ့ကိုသွားပြီး တံခါးကိုထိကြည့်လိုက်တော့ တံခါးက အလွယ်တကူပွင့်သွားတယ်။ သော့ခတ်မထားဘူး။ ဖရန့် သတိရှိရှိနဲ့ အိမ်ထဲကိုဝင်လိုက်တယ်။ ပန်းသီးလေးက သူ့နောက်က ကပ်ပါလာတယ်။

"ထူးဆန်းလိုက်တာ၊ စွန့်ပစ်ထားတဲ့ ရွာဆိုရင်လည်း ဘာဖြစ်လို့ ဒီမှာရှိတဲ့ အရာရာတိုင်းက သစ်လွင်နေရတာလဲ။" အခြေအနေက ပန်းသီးလေးပြောတဲ့ ပုပ်သိုးနေတယ်ဆိုတဲ့ စကားနဲ့လုံးဝဆန့်ကျင်ဘက်ပဲ။

ဖရန့်ပန်းသီးလေးကို ကြည့်လိုက်တော့ ပန်းသီးလေးက ခေါင်းခါပြတယ်။ "ကျွန်မ အဲဒီလိုမျိုးအာရုံရခဲ့တာပဲ။"လို့ ပြန်တုံ့ပြန်တယ်။

အိမ်ထဲမှာ ဆက်ပြီးရှာဖွေနေရင်း ဖရန့် မီးခိုးခေါင်းတိုင်နဲ့တွဲထားတဲ့ ထင်းမီးဖိုနားကို ရောက်သွားတယ်။ မီးဖိုထဲကပြာတွေကို ဖရန့်လက်နဲ့ထိကြည့်ပြီး ခေါင်းညိတ်လိုက်တယ်။

"မီးဖိုထဲက ပြာတွေက နွေးနေတုန်းပဲ။ ဆိုလိုတာက ညတုန်းက ရွာထဲကလူတွေ မီးဖိုကိုသုံးခဲ့ကြသေးတယ်။"

တစ်အိမ်လုံးကို ပတ်ကြည့်ပြီးတဲ့နောက် ဖရန့်ကောက်ချက်ဆွဲလိုက်တယ်။ ရွာထဲကလူတွေ ပျောက်သွားတာ နာရီအနည်းငယ်ပဲရှိသေးတယ်။ ပြီးတော့ တိုက်ပွဲဖြစ်သလိုမျိုး ရုန်းရင်းဆန်ခတ်အခြေအနေမရှိတဲ့အတွက် ဖရန့်ကိုယ်ထဲက လိပ်နက်လိုမျိုးရန်သူက သူတို့ကိုစားသွားတာမျိုးလည်း မဖြစ်နိုင်ဘူး။

"ထူးဆန်းတယ်မထင်ဘူးလား၊ ဒီကလူတိုင်း လေထဲမှာတင် ပျောက်သွားသလိုမျိုးလေ။" ဖရန့်ခေါင်းခါလိုက်တယ်။ ရှေးကျတဲ့သားရဲကြီး လိပ်နက်တောင်မှ ဒီအခြေအနေကို အဖြေပေးနိုင်မယ့်ပုံမပေါ်ဘူး။

"ရွာထဲ လိုက်ပတ်ကြည့်ရအောင်။" ဖရန့်က ပန်းသီးလေးလက်ကိုဆွဲရင်း အိမ်ထဲကနေ ထွက်လိုက်တယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now