V6 Chapter 4 ထိပ်တိုက်တွေ့ခြင်း

68 10 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 4 - ထိပ်တိုက်တွေ့ကြခြင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ သမ္မတအိမ်ဖြူတော်ရှေ့တွင် လူအများစုရုံးရောက်ရှိနေကြတယ်။ ဟယ်ရီက ကောင်မလေးပြောင်းထားသည့် ဖားလေးလက်ကိုဆွဲပြီး ထိုလူအုပ်ကြားထဲတွင် စီတန်းလှည့်လည်တွေလို နေရာယူထားကြတယ်။

"ငါနဲ့ကပ်ပြီးနေ၊ လူစုကွဲသွားရင် အန္တရာယ်ရှိနိုင်တယ်။" ဟယ်ရီစကားကြောင့် ရှက်ပြီးမျက်နှာနီရဲနေတဲ့ ဖားလေးတစ်ယောက် အသာခေါင်းညိတ်ပြလိုက်မိတယ်။ သူမိန်းကလေးဖြစ်နေသည့်အချိန် ဟယ်ရီသူ့လက်ကို တင်းတင်းဆွဲကိုင်ထားတဲ့အတွက် သူစိတ်လှုပ်ရှားနေတာအမှန်ပါ။ ဒီလိုခံစားချက်မျိုးနဲ့ သူနေသားမကျသေးဘူး။

ဟယ်ရီကတော့ သူ့ဂျုနီယာဖားလေးကို ဂရုမစိုက်သေးဘဲ နားမှာလျှို့ဝှက်ပြီးတပ်ထားတဲ့ အသေးစားနားကြပ်ကိုဖိပြီး စကားပြောလိုက်တယ်။ "မယ်လီ၊ အခြေအနေဘယ်လိုလဲ။"

နယူးယောက်ဟီးရိုးအစည်းအရုံးရဲ့C rankဟီးရိုး မယ်လီက ဟယ်ရီကိုချက်ချင်းအကြောင်းပြန်လာတယ်။ "စီတန်းလှည့်လည်သူတွေရှိနေတဲ့ နေရာပတ်လည်မှာ ဇီးရိုးချပ်ဝတ်နဲ့အထူးတပ်သားတွေ တစ်ဒါဇင်လောက်ရှိနေတယ်။ ဂျက်ဖာဆင်စက်ရုပ်သုံးလေးရုပ်လဲတွေ့တယ်။ တစ်ခုခုဖြစ်လာရင် ငါတို့အင်အားအခြေအနေနဲ့ ဝင်ကူညီပေးဖို့ခက်လိမ့်မယ်။"

လက်ရှိနယူး​ယောက်ဟီးရိုးအစည်းအရုံးက ထွက်ပြေးနေရတာဖြစ်ပြီး မြေအောက်အဖွဲ့သာသာပဲရှိတာပါ။ သူတို့မှာ C rank အနည်းငယ်နဲ့ B rank ဆိုလို့ ဖားလေးနဲ့ဟယ်ရီနှစ်ယောက်ပဲရှိတယ်။ ကပ္ပတိန်စတိတ်မန်းကတော့ ဒဏ်ရာတွေသက်သာလာပြီဆိုပေမဲ့ ဂျိုးဝဲလ်ဆင်ဘက်က သူတို့ထက်အင်အားများနေတုန်းပဲ။

"ဌာနမှူးသဘောကရော။" ဟယ်ရီမေးလိုက်ပြီး အနီးအနားက အထပ်မြင့်တိုက်တွေထဲက တစ်နေရာကို မော့ကြည့်လိုက်တယ်။ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့တစ်နေရာဖြစ်ပေမဲ့ သူ့စိတ်ထဲကနေတစ်ဆင့် အဲဒီနေရာဟာ ကျန်တဲ့ဟီးရိုးအစည်းအရုံးအဖွဲ့ဝင်တွေ ရှိနေတဲ့နေရာမှန်း သူသိထားပြီးသားပါ။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now