V9 Chapter 4

45 3 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V9 Chapter 4 - လီဆာရှောင်ပြေးပြီ

မြို့ကိုရှင်းလို့ပြီးလုပြီဖြစ်တဲ့အတွက် ဖရက်နဲ့ဆိုဖီယာတို့က ဘုရားကျောင်းထဲကနေ ထွက်လာကြပါတယ်။ စုဆောင်းနိုင်တဲ့ ဝိညာဥ်စွမ်းအားအကန့်အသတ်ကိုလည်း ပြည့်မီအောင်လုပ်နိုင်ခဲ့ပြီဖြစ်လို့ သူတို့ပြန်ရတော့မယ့်အချိန်ပါ။ ဒါပေမဲ့ ဖရက်နဲ့ဆိုဖီယာက ဘုရားကျောင်းထဲကနေ ထွက်ထွက်ချင်းမှာပဲ တစ်နေရာကို ကြည့်လိုက်တယ်။ သူတို့ဆီကို လူနှစ်ယောက် လမ်းလျှောက်လာနေတာကို မြင်နေရလို့ပါ။

"ငါ့ရဲ့ရဲဘော်ရဲဘက်တွေကို သတ်ချင်တိုင်းသတ်ပြီး ဒီအတိုင်းထွက်သွားလို့ရမယ်ထင်နေလား။" တစ်ယောက်က မာဖီးယားလိုမျိုး အနောက်တိုင်းဝတ်စုံကို သေသေသပ်သပ်ဝတ်ထားတဲ့ ဆယ်ကျော်သက်လူငယ်ဖြစ်ပြီး နားမှာငွေရောင်နားကပ်ကို တပ်ဆင်ထားတယ်။ ဖက်ရှင်ပုံစံက အရင်တွေ့နေကျနဲ့ သိပ်မတူတော့ပေမဲ့ ယင်ကောင်ဗိုလ်ချုပ်ပါ။

"မင်းတို့တွေက ငါ့ကိုအေးအေးဆေးဆေး သီချင်းနားထောင်လို့မရအောင် နှောင့်ယှက်နေတာပဲ။" လည်ပင်းမှာနားကြပ်ကို တင်ထားတဲ့ ပိုးဖလံဗိုလ်ချုပ်ကတော့ ဆိုဖီယာတို့ကို အငြိုးအတေးကြီးကြီးနဲ့ လက်ညိုးညွန်ပြပြီး ပြောလိုက်ပါတယ်။

ဖရက်ကတော့ သူတို့ကိုမထီမဲ့မြင်ပုံစံနဲ့ ကြည့်လိုက်ပြီးတော့ လက်ကိုလေထုထဲဆန့်ထုတ်လိုက်တယ်။ မိုးကောင်းကင်မှာ တိမ်ဆိုင်တိမ်ခဲတွေ စုစည်းလာပြီး ကောင်းကင်ပေါ်ကနေ မိုးကြိုးတစ်ချက်ပစ်ချလိုက်တယ်။ မိုးကြိုးလျှပ်စီးရဲ့အလင်းရောင်ရိုက်ခတ်မှုအောက်မှာ ဖရက်ရဲ့ပုံရိပ်က အလွန်သားနားနေပြီးတော့ သူ့ဆံပင်တွေက တိုက်လေကြောင့်လှုပ်ယမ်းနေတယ်။

"လူသားတွေကို လုပ်ချင်သလိုလုပ်ထားပြီး ဒီစကားကို ပြောရဲသေးတယ်ပေါ့လေ။" သူက သွားကြားထဲကနေ ထွက်လာတဲ့လေသံနဲ့ ယင်ကောင်ကိုပြောလိုက်ပြီး အရှိန်အဟုန်အပြည့်နဲ့ ပြေးတက်သွားတယ်။

ဆိုဖီယာကလည်း ပိုးဖလံကိုကြည့်လိုက်ပြီး လက်ဖျောက်တစ်ချက်တီးလိုက်တယ်။ ပတ်ဝန်းကျင်မှာရှိနေတဲ့ တိုက်တာအဆောက်အဦးတွေအားလုံး ပြိုကွဲသွားပြီး ဧရာမကျောက်ဆိုင်ကျောက်ခဲဝဲဂယက်ကြီးအဖြစ် ပြောင်းလဲသွားတယ်။ ပိုးကောင်ဗိုလ်ချုပ်တွေရောက်လာပြီဖြစ်တဲ့အတွက် မတိုက်ဘဲဒီနေရာကနေ ထွက်သွားဖို့ မဖြစ်နိုင်တော့ပါဘူး။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now