V5 Chapter 22

73 11 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V5 Chapter 22 - မက်ဒါနာစုံထောက်လုပ်ပြီ

ဥစာကီကိုယ်တိုင်ပေါ်လာတော့မှပဲ မိုးကောင်းကင်ပေါ်က ဆရာတပည့်နှစ်ယောက်ရဲ့တိုက်ပွဲလည်း ပြီးသွားတော့တယ်။

ကြောင်ပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် သည်းခံနိုင်မှုဆိုတာ အတိုင်းအတာရှိမှန်း သိကြပါတယ်။ သူတို့ဒီထက်လွန်လာရင် ဥစာကီက သူတို့ကို တကယ်တိုက်တော့မှာ။ ပြီးတော့ ကိုင်းတိုဆို​တဲ့ ဂျပန့်နံပါတ်တစ်ဟီးရိုးလည်းရှိနေသေးတယ်။

ဟီးရိုးအစည်းအရုံး အမှန်တကယ်အန္တရာယ်ကျပြီး လူတိုင်းအတွက်အန္တရာယ်ရှိနေပြီဆိုရင် ကိုင်းတို​ထွက်လာလိမ့်မယ်။ ပြီးတော့ နေအိမ်အကျယ်ချုပ်ကျနေတဲ့ အိခဲဒကိုလည်း သူတို့သတိထားရဦးမယ်။

မလိုအပ်ဘဲ အကျယ်ကျယ်ဖြစ်မယ့်ကိစ္စကို သူတို့မလုပ်ချင်ကြဘူး။

မကြာခင်မှာပဲ သူတို့နှစ်ယောက်လုံး ဟီးရိုးအစည်းအရုံးပါသွားပြီး မနည်းလှတဲ့ ဝန်ခံကတိလက်မှတ်တွေကို ထိုးလိုက်ရတယ်။ ဖရက်ကတော့ နိုင်ငံသားလက်မှတ်နဲ့ တခြားအထောက်အထားတွေရှိပေမဲ့ ဆရာကြောင်ကတော့ မရှိတဲ့အတွက်ကြောင့် လက်ကိုမင်ခုံထဲနစ်ပြီး စာရွက်ပေါ်တံဆိပ်ရိုက်သလို ရိုက်ချပေးလိုက်တယ်။

ရုံးခန်းထဲမှာ ဥစာကီနဲ့အတူရှိနေတဲ့ ဒရုန်းဇုန်ကတော့ခံဝန်ကတိစာချုပ်ပေါ်က ကြောင်လက်ဖဝါးကိုကြည့်ရင်း စိတ်ပျက်ပျက်နဲ့မဲ့လိုက်မိတယ်။

'မင်တွေအဲဒီလောက်တောင် ဖြုန်းပစ်ရသလား။' ဒရုန်းဇုန်က ဒီလိုပြောချင်ပေမဲ့ ကြောင်ကတော့ ဂရုမစိုက်ဘဲ ဆုံလည်ရုံးထိုင်ခုံကို ဒရုန်းဇုန်ဘက်လှည့်ပြီး ပြောလိုက်တယ်။

"ဘာလဲမိန်းမလှလေး၊ အရင်က ဒီလိုချောမောခန့်ညားတဲ့ ကြောင်သခင်ကြီးရဲ့လက်မှတ်ကို မမြင်ဖူးဘူးလား။ အော်တိုတွေဘာတွေ ယူဦးမလား။"

ပြောပြောဆိုဆိုနဲ့ကြောင်က ရုံးစားပွဲပေါ်မှာတင်ထားတဲ့ တစ်ရှူးဘောက်ထဲက တစ်ရှူးတစ်ရွက်ကို နှိုက်ပြီးမင်တွေပေနေသေးတဲ့လက်ဖဝါးနဲ့ တံဆိပ်ရိုက်လိုက်ရင်း ဒရုန်းဇုန်လက်ထဲထည့်ပေးလိုက်တယ်။ ဒရုန်းဇုန်ကတော့ သူ့လက်ထဲရောက်လာတဲ့ ကြောင်လက်ဖဝါးရာနဲ့ တစ်ရှူးကို မျက်မှောင်ကြုတ်ပြီးကြည့်နေတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now