V6 Chapter 39

49 7 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 39 - မြေအောက်ထဲမှာ

"အရာရှိ၊ ဒီလက်က ထက်ရှတဲ့အရာတစ်ခုခုနဲ့ဖြတ်တာခံထားရတာမျိုးမဟုတ်ဘူး။ သတ္တဝါတစ်ကောင်က ကိုက်ဖြတ်ထားသလိုပဲ။"

ရဲတွေနဲ့အတူပါလာတဲ့ ဝါရင့်ရဲသားတစ်ယောက်က ပြောလိုက်တယ်။ သူတို့နဲ့အတူ မှုခင်းဆေးသိပ္ပံပညာရှင်ပါမလာပေမဲ့ ဝါရင့်ရဲသားတစ်ယောက်ပြောတာဖြစ်လို့ မှားနိုင်စရာအကြောင်းမရှိပါဘူး။ လင်ဒါလည်း သေချာတွေးကြည့်လိုက်တယ်။ သူတို့က အုပ်စုတောင့်ပေမဲ့ သတ္တဝါတစ်ကောင်ကိုက်ဖြတ်တာခံထားရတဲ့ လူတစ်ယောက်ရဲ့လက်ကိုတွေ့ရတာက သတင်းကောင်းမဟုတ်ဘူးလေ။

"အားလုံးပဲ၊ ငါတို့ပြန်ဆုတ်ပြီး ဒီနေရာကိုရှင်းလင်းဖို့ အထူးတပ်ဖွဲ့ကို အကူအညီတောင်းရအောင်။"

လင်ဒါက ပြောလိုက်ပြီး ရဲတွေအားလုံးခေါင်းညိတ်ပေမဲ့ ​မြူတန့်ဌာနစိတ်အေးဂျင့်နှစ်ယောက်ကတော့ သူတို့ကို အထင်သေးတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်ကြတယ်။

"ထင်ထားတဲ့အတိုင်းပဲ မင်းတို့နယူးယောက်ရဲတွေက တကယ့်ကိုသတ္တိကြောင်တာပဲ။ ဒါကြောင့် မှုခင်းဖြစ်နှုန်းတွေ မြင့်တက်နေတာ။"

လင်ဒါအပါအဝင် ရဲတွေအားလုံးက အေးဂျင့်တွေကို မကျေမနပ်ကြည့်လိုက်ကြတယ်။ လင်ဒါက သူတို့ကို လက်ပိုက်ပြီးပြောလိုက်လေရဲ့။

"ကျွန်မတို့ရန်သူက ဘယ်လောက်သန်မာတယ်ဆိုတာကို မသိရဘူးလေ။ ဒီလူအုပ်နဲ့ဆိုရင် တော်ရုံရန်သူတွေကိုမကြောက်ရပေမဲ့ ဘာမှသေချာတာမရှိဘူး။"

လင်ဒါက ဆက်သွားမယ့်အကြံကို ကောင်းတဲ့အကြံလို့ကိုမထင်တာ။ တစ်ခါတလေမှာ မိုက်ရူးရဲဆန်တာနဲ့ သတ္တိကြောင်တာက မတူဘူး။ ဒါပေမဲ့ အေးဂျင့်တွေကတော့ နှာခေါင်းရှုံ့လိုက်ကြပါတယ်။

"အရာရှိလင်ဒါ ဂရီဂိုရီ။ ခင်ဗျားအနေနဲ့ ခင်ဗျားလူတွေကိုခေါ်ပြီး ပြန်သွားလို့ရပါတယ်။ ကျုပ်တို့အေးဂျင့်တွေပဲ ဆက်စုံစမ်းလည်း ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ခင်ဗျားက အရည်အချင်းပြည့်ဝတဲ့ ရဲတစ်ယောက်မဟုတ်တဲ့အကြောင်းတော့ အထက်ကိုစာတင်ရပါလိမ့်မယ်။"

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now