V8 Chapter 8

44 5 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V8 Chapter 8 - နတ်ဆိုးမိန်းကလေး

"အပိုင်းပိုင်းပြတ်စေ။" ဆိုဖီယာက အပျက်အစီးပုံတွေထဲကနေ ပြန်ထွက်လာတဲ့ ဓားခုတ်ကောင်ကို နားချိန်မပေးဘဲ ပြောလိုက်တယ်။ ငွေရောင်စစ်သည်နဲ့ ဆိုဖီယာရဲ့ရှေ့မှာရှိနေတဲ့ လေထုဖိအားက ရုတ်ချည်းမြင့်တက်သွားပြီး လေထုဓားသွားရာပေါင်းများစွာအဖြစ်ကို ပြောင်းလဲဖွဲ့တည်ကာ ဓားခုတ်ကောင်ဆီကို တိုးဝင်သွားတယ်။ ဓားချက်တိုင်းက အသံမြန်နှုန်းနဲ့အထက်မှာဖြစ်လို့ ပတ်ဝန်းကျင်တစ်ခုလုံးမှာ လေထုပေါက်ကွဲသံတွေနဲ့ ဆူညံ့နေပြီး အကာအကွယ်မပါတဲ့ သာမန်လူတစ်​ယောက်သာ ဒီမှာရှိနေခဲ့ရင် သေချာပေါက် နားကန်းသွားမှာပါ။

ကျစ်... ကျစ်... ကျစ်.....

ကလေးမလေးကနေ ဓားခုတ်ကောင်ကြီးပြန်ဖြစ်နေတဲ့ ပိုးကောင်ဗိုလ်ချုပ်က အကြီးအကျယ်အော်ဟစ်လိုက်တယ်။ သူ့ရဲ့ပြန်ကောင်းခါနီး အတောင်ပံတွေပါ
တစ်စစီပြတ်ထွက်သွားတဲ့အပြင် အရေခွံတွေပါလန်ထွက်ကုန်တယ်။ ဒါပေမဲ့ တကယ်အသေသတ်နိုင်ဖို့ကတော့ အဝေးကြီးလိုပါသေးတယ်။

ဟူး...

ဓားခုတ်ကောင်က ဒေါသမာန်ကြီးကြီးနဲ့ အသံမြန်နှုန်းကိုချိုးဖောက်ပြီး ဆိုဖီယာရဲ့အပေါ်ကနေ မိုးပြီးလက်တံနဲ့ခုတ်ချတယ်။ ဒါပေမဲ့ ဆိုဖီယာက အသင့်ဖြစ်နေပြီးသားဖြစ်ပြီး လက်ကိုမြှောက်လိုက်တယ်။ မြေပြင်က ကျောက်တိုင်တစ်ခုကလည်း တူညီတဲ့ မြန်နှုန်းနဲ့မြင့်တက်လာပြီး ဓားခုတ်ကောင်ရဲ့ဝမ်းဗိုက်ကို ဝင်ဆောင့်ကာ နောက်ကိုလွင့်ပျံသွားစေတယ်။

"ပြားကပ်စေ။" ဆိုဖီယာက မြေပြင်ကိုလက်ဝါးနဲ့ ထောက်တယ်။ မြို့အောက်က ကျောက်ဖျာချပ်ကြီးတွေ လှုပ်ရှားလာပြီး မီတာရာနဲ့ချီမြင့်တဲ့ ဧရာမကျောက်တိုင်ကြီးတွေအဖြစ် ထွက်ပေါ်လာပြီးတော့ ထွက်ပြေးဖို့လုပ်နေတဲ့ ဓားခုတ်ကောင်ကို ချုပ်ထားလိုက်တယ်။ ဆိုဖီယာကိုယ်တိုင်ကတော့ နောက်ထပ်ချွန်မြနေတဲ့ ကျောက်တိုင်ကြီးကိုထိန်းပြီးတော့ ဓားခုတ်ကောင်ရဲ့ခေါင်းကို ထိုးစိုက်ချဖို့ ကြိုးစားနေတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now