V9 Chapter 20

22 3 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V9 Chapter 20 – ကတုတ်ကျွင်းစစ်ပွဲ


 "ဒီလောက်ရိုက်ချနေတာတောင်မှ မင်းက လက်လျှော့ရကောင်းမှန်း မသိသေးဘူးလား။"

 ဘာရွန်က ဖရက်ရဲ့မိုးကြိုးဓားချက်ကို ပယ်ဖျက်လိုက်ရင်း ဖရက်ရင်ဝကို ဆောင့်ကန်ကာ မေးလိုက်တယ်။ ဘာရွန်ရဲ့ကိုယ်ပေါ်က ကီမိုနိုဝတ်စုံက သန့်ရှင်းစင်ကြယ်နေပြီး ဖုန်တစ်မှုန်တောင်မှ ထင်ကျန်မနေပါဘူး။ တစ်ဖက်မှာတော့ ဖရက်တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေနဲ့ပြည့်နေပြီး သွေးအလိမ်းလိမ်းနဲ့ ဖြစ်နေပါတယ်။

 "မင်းသမီးလေးမရှိတုန်း ဒီမြေကို ကာကွယ်ဖို့ ကျုပ်တာဝန်ယူထားတာ။ ကျရှုံးလို့မဖြစ်ဘူး။"

 ဖရက်က တစ်စစီကြေမွနေတဲ့ မြေပြင်ပေါ်ကို ခုန်ဆင်းလိုက်ပြီး ခရမ်းရောင်မိုးကြိုးလျှပ်စီးတွေကို နောက်တစ်ကြိမ်ထပ်ပြီး စုစည်းလိုက်ပြန်တယ်။ ဒီတစ်ခါတော့ ဓားအဖြစ်မဟုတ်တော့ဘဲ လေးကြီးတစ်လက်အဖြစ်ပါ။

ဂျိန်း... ဂလိန်း...

 မိုးကြိုးလျှပ်စီးတန်းပေါင်းများစွာက မိုးကောင်းကင်ကနေ ဆင်းသက်လာပြီးတော့ ဖရက်ရဲ့အစားထိုးထားတဲ့ သတ္တုလက်ပေါ်ကို ကျဆင်းလာတယ်။ ဖရက်က သူ့တစ်ကိုယ်လုံးကို ဖြတ်စီးနေတဲ့ လျှပ်စီးတွေကြောင့် အော်ဟစ်လိုက်ရင်း မိုးကြိုးတွေကို ဧရာမမြားတံကြီးအဖြစ်ဖွဲ့စည်းကာ လေးပေါ်တင်လိုက်ပါပြီ။

 "သေစမ်း...." ဖရက်က သွေးပျက်လောက်တဲ့ အော်ဟစ်သံနဲ့အတူ လေးကြိုးကို လွှတ်လိုက်တယ်။ ဓာတ်တိုင်လုံးလောက်ကြီးရှိတဲ့ မိုးကြိုးမြားကြီးက လေဟုန်ကိုခွင်းပြီး ဘာရွန်ဆီကိုဝင်လာတယ်။

 "ဟွန့်... ကလေးကစားစရာအကွက်တွေ။" ဘာရွန်က ကာတနာကို ခါးမှာဟန်ကျကျပြန်ချိတ်လိုက်ပြီး သူ့လက်နှစ်ဖက်ကို နားကျယ်ကောင်အသွင်ပြန်ပြောင်းတယ်။ အဲဒီနောက်တော့ နားကျယ်ကောင်လက်တံတစ်ခုကိုဆွဲဖြုတ်ပြီး ကာတာနာအစားကိုင်ကာ မိုးကြိုးမြားကို ရိုက်ချလိုက်တယ်။

ဘုန်း....

 မိုးကြိုးမြားက ပေါက်ကွဲထွက်သွားပြီး ဘာရွန်က အထင်သေးစွာနဲ့ ခနဲ့တဲဲ့တဲ့ရယ်လိုက်တယ်။ ပေါက်ကွဲမှုက ကြီးမားပေမဲ့ သူ့ကိုထိခိုက်စေလောက်အောင်တော့ မပြင်းထန်သေးပါဘူး။ ဒါပေမဲ့ စက္ကန့်ပိုင်းအကြာမှာပဲ သူ့အပြုံးပျက်သွားတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now