V9 Chapter 13

33 2 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V9 Chapter 13 –


 ပြိုင်ပွဲမရှိတော့တဲ့အတွက်ကြောင့် လီဆာတစ်ယောက် တင်းထားတဲ့အားတွေအကုန်လုံးကို လျှော့ချပစ်လိုက်တဲ့ပုံပဲ။ တစ်ခါတည်း စားပွဲခုံတစ်ခုပေါ်မှာ ဝင်ထိုင်ပြီးအိပ်ပစ်လိုက်တာ တစ်ချိုးတည်းအိပ်ပျော်သွားတယ်။ အဲလင့်က လီဆာကိုနှိုးပြီး အခန်းထဲမှာသွားအိပ်ဖို့ပြောဖို့လုပ်ပေမဲ့ အဖွားဒိုင်ယာနာက တားလိုက်ပြီး "သူအိပ်ပါစေ၊ နှစ်ရက်လုံးပင်ပန်းထားတာ။" လို့ပြောတယ်။ နောက်တော့ မီးဖိုချောင်ထဲဝင်သွားရော။

 မဝင်ခင် မက်ဒါနာကိုကြည့်ပြီး ဦးညွှတ်သွားသေးတယ်။

"မင်းသမီးလေးရဲ့ညစာအတွက် ပြင်ဆင်လိုက်ပါဦးမယ်။"

 မက်ဒါနာကတော့ အသိအမှတ်ပြုတဲ့အနေနဲ့ ပြုံးပြရုံကလွဲလို့ ဘာမှမပြောခဲ့ဘူး။

ဝုတ်... ဝုတ်...

 အဲဒီနောက် တိုက်ပွဲဖြစ်နေတုန်း ထားခဲ့ခံရလို့ စိတ်ဓာတ်ကျနေပုံပေါ်တဲ့ စေဘာစတိန်းက ဘလိဗီးယားဟိုတယ်ဘက်ကနေ ဆိပ်ကမ်းပြာကိုပြန်ရောက်လာပြီး မက်ဒါနာဘေးနားမှာထိုင်ကာ သူရှိနေသေးကြောင်းသိအောင် ဟောင်ပြန်တယ်။ မက်ဒါနာကတော့ စေဘာစတိန်းကိုလစ်လျူရှုကာ အေမီကိုကြည့်ပြီးပြောလိုက်ပါတယ်။

 "အေမီ၊ ငါတို့မှာ ဆွေးနွေးဖို့အတွက် ပြဿနာကြီးတစ်ခုရှိနေပြီထင်တယ်။"

 "အင်း..."

 အဲဒီနောက်တော့ မက်ဒါနာနဲ့အေမီက စားပွဲခုံတစ်ခုံပေါ်မှာ အိပ်ပျော်နေတဲ့ လီဆာကိုထားရစ်ခဲ့ပြီး အပေါ်ထပ်ကိုပြန်တက်လာကြတယ်။ ခွေးနက်ကြီးကတော့ စင်္ကြန်လမ်းပေါ်မှာ အစောင့်အဖြစ်ကျန်နေရစ်တယ်။ အေမီကလည်း ခုမှလွတ်လွတ်လပ်လပ်သွားခွင့်ရတဲ့ စေဘာစတိန်းကို ပြန်မသိမ်းချင်သေးပုံပဲ။ အေမီက အခန်းတံခါးသေချာပိတ်ပြီးတဲ့နောက် မက်ဒါနာက အိပ်ရာကုတင်ပေါ်မှာဝင်ထိုင်ကာ အရေးကြီးကိစ္စကိုစပြောလိုက်ပါပြီ။

 "ငါတို့ဒီနေ့ ပိုးကောင်မျိုးစိတ်အသစ်တွေ့လာတယ်။ သေချာပေါက် ပိုးကောင်ဗိုလ်ချုပ်အသစ်တစ်ယောက် မွေးဖွားလာပြီဆိုတဲ့အဓိပ္ပါယ်ပဲ။"

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now