V6 Chapter 15

54 8 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 15 - ကံကြမ္မာက မင်းပခုံးပေါ်မှာ

ရထားတဲ့ သတင်းကိုပြောဖို့အတွက် မက်ဒါနာက ဖရာလီတာကို လျှို့ဝှက်​ဗီဒီယိုလိုင်းကနေတစ်ဆင့် လှမ်းခေါ်လိုက်တယ်။ မက်ဒါနာတစ်ဖက်က မြင်ကွင်းတွေကိုမြင်ရတော့ ဖရာလီတာလည်း အခုမှအိပ်ရာနိုးတဲ့ပုံပဲ။

ဖရာလီတာက အစည်းအဝေးစားပွဲမှာထိုင်နေပြီး အယ်လိုဟင်က စားပွဲပေါ်က လက်ဖက်ရည်ခွက်လေးထဲ ဖရာလီတာအတွက် လက်ဖက်ရည်ငှဲ့ပေးနေပါတယ်။ မက်ဒါနာပတ်ဝန်းကျင်ကို စူးစမ်းကြည့်တော့ ဓားကိုင်ပြီး အိပ်ငိုက်နေတဲ့ ဥစာကီရဲ့အဖိုးအိခဲဒကလွဲလို့ တခြားသူတွေကို မတွေ့ရဘူး။

"တခြားသူတွေရော..." မက်ဒါနာမေးလိုက်တော့ အိပ်ချင်မူးတူးဖြစ်နေတဲ့ ဖရာလီတာက ပြန်ဖြေပါတယ်။

"လိပ်နက်နဲ့ပတ်သက်ပြီး သဲလွန်စလေးဘာလေးရမလားဆိုပြီး ထွက်ရှာကြတာ။"

မက်ဒါနာက ခေါင်းညိတ်လိုက်တယ်။ ကြည့်ရတာ ဖရာလီတာတို့ဘက်မှာ အခြေအနေတိုးတက်မှုရှိပုံမရဘူး။ မက်ဒါနာက ဖရာလီတာကို ဖရီးမေဆင်တွေ ဆက်သွယ်လာတဲ့သတင်းအကြောင်း ပြောပြလိုက်တော့ ဖရာလီတာမျက်ခုံးပင့်လိုက်တယ်။

"နောက်ဆုံးတော့ ဇာတ်ခုံနောက်ကွယ်က ငနှဲတစ်သိုက်ထွက်လာပြီပဲ၊ ဒီထက်ပိုပြီး တွင်းအောင်းနေမှ ထူးဆန်းတယ်ပြောရမှာ။"

အဲဒီနောက်တော့ ဖရာလီတာက ဖရီးမေဆင်အသင်းနဲ့ပတ်သက်တဲ့ တချို့အကြောင်းတွေကို ပြောပြပါတယ်။ မေဆင်အသင်းက အစိုးရအပေါ် တိုက်ရိုက်အုပ်ချုပ်တာမျိုးမရှိပေမဲ့ အလားအလာကောင်းတဲ့ နိုင်ငံရေးသမားတွေကို ရွေးချယ်လေ့ကျင့်ပေးပြီး သူတို့ကို ဆန့်ကျင်တဲ့သူတွေလည်း ဇာတ်သိမ်းမကောင်းခဲ့ပါဘူး။ အရင်ခေတ်က မာဖီးယားတချို့နဲ့လည်း အဆက်အသွယ်ရှိခဲ့ပြီး မြေအောက်လောကရဲ့နက်ရှိုင်းတဲ့အပိုင်းမှာတောင် သူတို့လက်တွေရှိနေတယ်။

"နင်သူတို့နဲ့ သွားတွေ့မယ်ဆိုရင် ဘာလျှို့ဝှက်ချက်မှ မထားတာအကောင်းဆုံးပဲ။ သူတို့က နင့်လျှို့ဝှက်ချက်တွေအားလုံးကို သိထားပြီးသား၊ ဒါပေမဲ့ နင်ကတော့ သူတို့အကြောင်းကို ကောလာဟလတွေအပြင် ဘာမှသိမထားဘူး။"

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now