V9 Chapter 16

35 2 0
                                    


ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V9 Chapter 16 - အထူးတပ်ဖွဲ့ရဲ့ဝတ်စုံပြဿနာ


ပိုးကောင်တို့၏နန်းတော်ရာ။


 ဘုရင်မဥစာကီက ပလ္လင်ပေါ်မှာ ပန်းရောင်ကီမိုနိုကိုဝတ်၊ မိစ္ဆာသတ်ဓားကို ခါးမှာချိတ်ကာ ထိုင်နေပါတယ်။ ဘာရွန်ကတော့ ဆာမူရိုင်းဝတ်စုံနက်ပြာရောင်ကိုဝတ်ထားပြီး သူတို့ကို ခစားနေတဲ့ မျိုးနွယ်စုံအစောင့်တပ်သားတွေကိုလည်း တွေ့နိုင်ပြီး ပိုးဖလံနဲ့ယင်ကောင်တို့က ညီလာခံခန်းမထဲကို လျင်လျင်မြန်​မြန်ဝင်လာကြပါတယ်။ နောက်တော့ သူတို့နှစ်ယောက်က အရှင်သခင်တွေရှေ့ ဒူးထောက်ချလိုက်ပြီး ဦးခေါင်းကိုနှိမ့်ချ ဂါရဝပြုကြလေရဲ့။


 "အရှင်မနဲ့ဘာရွန်ကို ဂါရဝပြုပါတယ်။" 


 "ခေါင်းမော့ကြ။" ဥစာကီဘာမှမပြောရသေးခင်မှာပဲ ဘာရွန်က ပြောလိုက်တယ်။ ပိုးဖလံနဲ့ယင်ကောင်က ခေါင်းမော့ပြီး ဘာရွန်ကိုကြည့်တယ်။ ဘာရွန်ကတော့ ယင်ကောင်ကို ကျေနပ်နှစ်သက်စွာနဲ့ကြည့်ပြီး ပြောပါတယ်။


 "မင်းဆင့်ကဲပြောင်းလဲသွားပြီး ရန်သူတွေကို မောင်းထုတ်နိုင်ခဲ့တယ်ကြားတယ်။ တကယ့်ကို အားရစရာပဲ။ တခြားပိုးကောင်ဗိုလ်ချုပ်တွေလည်း မင်းလိုပဲဖြစ်သင့်တယ်။"


 "ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်ဘာရွန်။" ယင်ကောင်က ပုံမှန်လေသံနဲ့ပဲ ပြောလိုက်တယ်။ သူ့လေသံက ဘာရွန်ချီးကျူးတာကို ဂရုစိုက်တဲ့ပုံစံမပေါ်သလို မလေးမစားလုပ်တဲ့ပုံစံမပေါ်ဘူး။ လုံးဝကို ပုံမှန်ပဲ။ ဘာရွန်ကတော့ ပြောစရာရှိတာ ဆက်ပြောတယ်။


 "ဒါပေမဲ့ ဒီလောက်နဲ့တင် ကျေနပ်နေလို့မရဘူး။ ငါတို့ရန်သူတွေကလည်း တစ်နေ့ထက်တစ်နေ့ပိုအားကောင်းနေတာ။ ဒီတော့ ဖြစ်နိုင်သမျှမြန်မြန် သူတို့ကိုဖျက်ဆီးရမယ်။ မကြာခင်မှာ တန်ပြန်တိုက်စစ်ဖွင့်ဖို့လည်း ငါစီစဥ်နေတယ်။ သူတို့ငါတို့နယ်မြေထဲကို ဝင်ဝင်သောင်းကျန်းနေတာ များလှပြီ။"

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now