V7 Chapter 41

41 3 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 41 - ဓားသခင်

ကျိုင်းကောင်အုပ်ကြီးက ကောင်းကင်မှာ မိုးသားတိမ်လိပ်တွေလိုမျိုး စုစည်းနေပြီးတော့ ဒိုင်းနဲ့ကာကွယ်ခံမထားရတဲ့ ပတ်ဝန်းကျင်မြို့လေးဆီကို ကျဆင်းလာတယ်။ လူတွေအားလုံး ကျိုင်းကောင်အုပ်နဲ့ဝေးရာကို ထွက်ပြေးနေကြပေမဲ့ သူတို့က တိမ်လိပ်မည်းကြီးထက် သိသိသာသာပိုနှေးနေပါတယ်။

ဂျိန်း... ဂျလိန်း...

အားလုံးစိုးရိမ်ထိတ်လန့်နေချိန်မှာပဲ ကောင်းကင်ပေါ်ကနေ တောင်ပံနက်နဲ့ စစ်သည်တော် ဆင်းသက်လာပြီး တိမ်လိပ်ကြီးဆီကို လက်ညိုးညွန်လိုက်ပါပြီ။ သူ့ကျောနောက်မှာတော့ မိုးကြိုးလျှပ်စီးဓားသွားတွေက
ထောင်နဲ့ချီစုစည်းလာနေပြီး ဖရက်မစမ်းသပ်ရသေးတဲ့ တိုက်ကွက်သစ်ဖြစ်ပုံပါပဲ။

[Ultimate Skill: Unlimited Blades dancing]

မိုးကြိုးလျှပ်စီးဓားသွားတွေက အသက်ရှိသလိုမျိုး ကျိုင်းကောင်အုပ်ကြီးဆီကို ပြေးထွက်သွားတယ်။ မကြာခင်မှာပဲ ကျိုင်းကောင်အုပ်ကြီးကို မိုးကြိုးသွား အစင်းပေါင်းများစွာကာ သက်မဲ့ကျိုင်းကောင်သေတွေ မြေပေါ်ပြုတ်ကျလာတယ်။

....

တခြားမြို့တစ်မြို့မှာလည်း ဖလေရာက လူတွေနဲ့ ကျိုင်းကောင်အုပ်ကြီးကြားမှာ ရပ်လိုက်ပြီးတော့ တူကြီးကို ဆွဲမလိုက်တယ်။ နောက်တော့ သူ့ခြေ​နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး တူကြီးကို လက်ယာရစ်စယမ်းပါတယ်။ ဝတ်စုံရဲ့လုပ်ဆောင်နိုင်စွမ်းနဲ့တူကြောင့် ပလာဒင်ဝတ်စုံက ဂျင်တစ်ခုလိုလည်နေပြီး လေပြင်းတွေက သူ့နားမှာစတင်စုစည်းလာပါတယ်။

[Ultimate Skill: Tornado Smash] ဖလေရာရဲ့လောလောဆယ်တစ်ခုတည်းသော Ultimate Skill က အသက်ဝင်သွားပြီး ပိုးကောင်အုပ်ကြီးထဲကို တိုက်ရိုက်ဝင်ချသွားတယ်။ ပိုးကောင်ထောင်ချီဟာ တူမုန်တိုင်းနဲ့ ရင်ဆိုင်မိပြီး တစ်ကောင်ပြီးတစ်ကောင်ထုချေခြင်းခံနေရပါပြီ။

....

အေမီကတော့ တိုက်ခေါင်မိုးတစ်ခုပေါ်ကို ခုန်တက်လိုက်ပြီး သူ့မျက်စိရှေ့က ပိုးကောင်အုပ်ကို သေချာစိူက်ကြည့်နေတယ်။ သူ့အသိစိတ်ထဲမှာတော့ များစွာသော ကိန်းဂဏန်းတွေပေါ်နေပြီး ပိုးကောင်အုပ်ကြီးကို ​အမြန်ဆန်ဆုံးနဲ့အတိကျဆုံး အနိုင်ယူနိုင်မယ့်နည်းလမ်းကို ရှာဖွေနေတာပါ။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now