V8 Chapter 34

32 6 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V8 Chapter 34 - ကြောင်စိတ်ပေါက်စေတာလား


 မက်ဒါနာက ဖလေရာနဲ့လင်ဒါတို့ကို ပြန်ခေါ်လာပြီးတဲ့နောက် ဆရာနားနေဆောင်ရှေ့က ကျောက်စားပွဲလေးမှာ ဝင်ထိုင်သက်ပြင်းချတယ်။ ဖလေရာနဲ့လင်ဒါတို့ကတော့ မျက်နှာငယ်လေးတွေနဲ့။ သူတို့အမှားလုပ်မိထားကြတာကိုး။

 အေမီက "မမလေးက တကယ်ကိုတက်ကြွနေတော့တာပဲ။ အစတုန်းက သူတို့ကို ဘာမှပြောမနေတော့ပါဘူး၊ အချိန်တန်ပျင်းလာပြီး ပြန်လာမှာတို့ပြောခဲ့ပေမဲ့ ကိုယ်တိုင်ရအောင်ပြန်သွားခေါ်သေးတာပဲ။' လို့ပြောလိုက်တယ်။

 မက်ဒါနာကတော့ အဲဒီစကားကို ပြန်စဥ်းစားရင်းနဲ့ တကယ်ပဲ ပြောခဲ့မိတာကို ပြန်သတိရသွားတယ်။ "အိုး၊ နည်းနည်းမေ့ချင်ချင်ဖြစ်နေပေမဲ့ တကယ်ပြောခဲ့မိတာပဲ။" မက်ဒါနာရဲ့မျက်လုံးတွေက အားလုံးရှေ့မှာပဲ ဒေါင်လိုက်ပြူးကြောင်ကြောင်လေးဖြစ်သွားပြီး ဝန်ခံပါတယ်။ ဖလေရာကတော့ မက်ဒါနာကို ခေါင်းလေးစောင်းပြီး သေချာကြည့်ကြည့်လေရဲ့။ သူ့စိတ်ထဲမှာ မက်ဒါနာတစ်ခုခုမှားနေမှန်းသိပေမဲ့ ဘာမှားနေမှန်းကိုမသိတာ။

 "အို့၊ နင်တို့ပြန်ရောက်ကြပြီလား။" ခုမှအဝတ်အစားလဲပြီးပုံရတဲ့ ဖရာလီတာက သူတို့နဲ့အတူ စားပွဲခုံမှာ အတူလာထိုင်တယ်။ သူ့နောက်မှာတော့ မတွေ့ရတာကြာပြီဖြစ်တဲ့ အယ်လိုဟင်ပါလာပြီး ဖရာလီတာရှေ့မှာ လက်ဖက်ရည်ကြွေခွက်ငယ်တစ်ခွက်ကို နေရာချပေးတယ်။ အဲဲဒီနောက် အနံမွှေးပြီ အညိုရောင်သန်းတဲ့ လက်ဖက်ရည်ပူပူကို ကြွေလက်ဖက်ရည်အိုးထဲကနေ လောင်းထည့်ပေးတယ်။

 "ငါအိပ်ရေးဝဝချင်း နင်တို့ကိုလိုက်ရှာသေးပေမဲ့ မတွေ့ဘူးလေ။ အဲဒါနဲ့အယ်လိုဟင်ကိုသွားရှာပြီး အစာပြေစားဖို့လုပ်နေတာ။" ဖရာလီတာ စကားပြေနေတဲ့အချိန်မှာ အယ်လိုဟင်က အသေးမလေးအတွက် အသင့်လုပ်ပြီးသား ထောပတ်ကွတ်ကီးတစ်ပန်းကန်ချပေးလိုက်တယ်။ အဲဒီနောက် အယ်လိုဟင်က မက်ဒါနာတို့ကို ကြည့်လိုက်ပြီး

 "သခင်မလေးနဲ့အတူ လက်ဖက်ရည်ပါတီမှာ ဝင်ဆင်နွှဲကြပါဦးလား။" လို့ပြောလိုက်တယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now