V5 Chapter 33 - မှောင်မိုက်သောနေ့များ

84 9 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V5 Chapter 33 - မှောင်မိုက်သောနေ့ရက်များရဲ့အစ

စစ်ပွဲနှင်းဆီတစ်​ယောက် မြူတန့်မဟာမိတ်တပ်ချရာနေရာကို ပြန်ရောက်လာပြီးနောက် ဒေါသအကြီးကြီးထွက်နေတယ်။ သူက စခန်းကိုပြန်ရောက်ရောက်ချင်းပဲ အရာရှိတွေအကုန်လုံးကို အစည်းအဝေးခန်းထဲ ဖိတ်ခေါ်လိုက်ပါတယ်။

ချီလုလု၊ လော့ဒ်မာရှယ်၊ အိုရှန်နီယာအမွှာနှစ်ယောက်အပြင် သိပ်အရေးမပါလှတဲ့ ကြေးစားအရာရှိတွေလည်း တက်ရောက်ကြတယ်။

အစည်းအဝေးခန်းက သာမန်မြင်တွေ့နေကျ စစ်တပ်အစည်းအဝေးခန်းနဲ့တူပြီး အရာရှိတိုင်းက သီးသန့်ထိုင်ဖို့အတွက် စားပွဲငယ်တစ်လုံးနဲ့ခုံတစ်ခုံရကြပါတယ်။

အခန်းရဲ့ထိပ်ဆုံးမှာတော့ ပရိုဂျက်တာတစ်လုံးနဲ့ဟောပြောစင်တစ်ခုရှိပြီး စစ်ပွဲနှင်းဆီက အခန်းရှေ့မှာရပ်ပြီး အခန်းထဲတဖြည်းဖြည်းဝင်ရောက်လာတဲ့ အရာရှိတွေကို ဒေါသတကြီးစိုက်ကြည့်နေပါတယ်။

အခန်းထဲရောက်လာတဲ့ အရာရှိတွေမျက်နှာမကောင်းကြဘူး။ အထူးသဖြင့် အတွင်းရေးမှူးမလေး ချီလုလုပေါ့။

"နင်တို့တွေ ဘာအသုံးကျကျလည်း၊ ဆုဗာနာကိုသွားတဲ့အဖွဲ့ကလည်း ရှုံးပြီးပြန်လာတယ်။ ရန်သူရဲ့လက်နက်သစ်တွေအကြောင်းမသိလို့ ရေတပ်ကလည်း ပြန်ဆုတ်လာရသေးတယ်။ ရှက်ဖို့ကောင်းလိုက်တာ။"

စစ်ပွဲနှင်းဆီက လက်ကိုမြှောက်လိုက်တယ်။ ငွေရောင်အမျှင်တန်းတချို့က လေထုထဲမှာထွက်ပေါ်လာပြီး ဝတ်ရုံနက်ဝတ်ထားတဲ့ ရင်းနှီးနေတဲ့ အရာရှိတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ရစ်ပတ်သွားတယ်။

"ခေါင်း... ခေါင်းဆောင်... ကျုပ်ကိုချမ်းသာပေးပါ။"  ကားလ်က အော်ဟစ်လိုက်တယ်။ ဒီအရာရှိက ကြေးစားစစ်တပ်ရဲ့သတင်းနဲ့ထောက်လှမ်းရေးအရာရှိပါ။

ကြေးစားစစ်တပ်က ​မြေအောက်အဖွဲ့ကြီးတစ်ခုဖြစ်တာကြောင့် သူတို့မှာလျှို့ဝှက်သတင်းကွန်ယက်တွေရှိနေတာပုံမှန်ပါပဲ။ အရာရှိက သူ့ကို​စစ်ပွဲနှင်းဆီသတ်မှာစိုးလို့ အသေအလဲတောင်းပန်နေတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now