V6 Chapter 16

51 8 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 16 - ဆိုက်ဘေးရီးယားစစ်ဆင်ရေး

ဖရန့်နဲ့ပန်းသီးလေးတို့ တောလမ်းလေးအတိုင်း လမ်းလျှောက်လာဖြစ်တယ်။ ပန်းသီးလေးက တောလမ်းအတိုင်း လျှောက်လာနေရင်း ရုတ်တရက်ထိုင်ချလိုက်တယ်။ ဒီအပြုအမူကြောင့် ဖရန့်လည်းတစ်ခုခုကို သတိထားမိသွားပြီး ပန်းသီးလေးရဲ့ဘေးမှလိုက်ထိုင်ကာ ပန်းသီးလေးကြည့်နေတဲ့အရာကို ကြည့်လိုက်တယ်။

"နှစ်လိုဖွယ်ကောင်းလိုက်တာ။" ပန်းသီးလေးက သာမန်အားဖြင့် လူတွေမသုံးတဲ့ စကားတစ်ခွန်းကိုပြောလိုက်တယ်။ ဖရန့်လည်း ခေါင်းညိတ်လိုက်ပြီး ပန်းသီးလေးကြည့်နေတဲ့ တောပန်းကလေးကို ကြည့်လိုက်တယ်။

နွေဦးရာသီရောက်လာပြီမလို့ ဆိုက်ဘေးရီးယားကုန်းမြေကြီးမှာ နှင်းတွေလွင့်ပြယ်စပြုလာပြီ။ နေရာတိုင်းတော့ မဟုတ်သေးပေမဲ့ အနည်းဆုံးတော့ ဖရန့်တို့ရောက်နေတဲ့နေရာမှာ ဆီးနှင်းတွေပျော်ကျပြီး မြက်ခင်းနဲ့ပန်းပင်ငယ်လေးတွေ ပွင့်လန်းလာတာကို မြင်နေရပြီ။

အပူချိန်က အမြင့်ကြီးမဟုတ်ဘဲ အနိမ့်ဆုံး ၈ ဒီဂရီနဲ့ အမြင့်ဆုံး ၁၆ ဒီဂရီပဲရှိတာမလို့ နှင်းခဲတွေပျော်ကျဖို့ လုံလောက်ရုံပဲရှိပါတယ်။ နေကိုကောင်းကောင်းမြင်ရတဲ့ နေ့တာအချိန်ဟာဆိုရင်လည်း ဧပြီလမှာ ၆ နာရီပဲရှိရာကနေ မေလမှာ ၁၁ နာရီအထိတိုးလာပြီ။

တကယ်တော့ တောပန်းတွေအပြင် ပိုးကောင်ငယ်လေးတွေကလည်း သစ်ပင်တစ်ပင်ကနေတစ်ပင်ကို ကူးသန်းသွားလာနေကြတယ်။ ဖရန့်က ပန်းသီးလေးကို သေချာကြည့်လိုက်တယ်။

ပန်းသီးလေးက နှစ်လိုဖွယ်ရာပြုံးနေပြီး ခရမ်းရောင်တောပန်းလေးကို ထိလိုက်တယ်။ အဲဒီနောက် သူ့ရဲ့ညင်သာတဲ့လေသံနဲ့ ပန်းပွင့်လေးအတွက် ဆုတောင်းပေးလိုက်တယ်။

"ကောင်းကောင်းကြီးပြင်းလာကြနော်။" အဲဒီနောက် ပန်းသီးလေးရဲ့လက်ညိုးကနေ စိမ်းဖန့်ဖန့်ရောင်အလန်းတန်းလေးတစ်ခု ထွက်ပေါ်လာပြီး အလင်းတန်းမှုန်လေးတွေက နေရာအနှံကိုပြန့်ကျဲသွားတယ်။

နောက်တော့ သူတို့နှစ်ယောက်ကိုဗဟိုပြုပြီး လွင်ပြင်ကျယ်ထဲမှာ ခရမ်းရောင်တောပန်းလေးတွေများစွာ တစ်ပြိုင်နက်တည်း ပွင့်လန်းလာတော့တယ်။ အခုလိုမှော်ဆန်တဲ့ မြင်ကွင်းကြောင့် ဖရက်ဘာပြောရမှန်းမသိတော့ဘူး။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now