The God King (part1)

207 16 0
                                    

ညနေနွားရိုင်းသွင်းချိန်ရောက်တော့ရွာလမ်းအတိုင်းဒယိမ်းဒယိုင်လျှောက်လှမ်းလာသောလူ၅ယောက်..ထိုလူတွေကတော့ရွာရဲ့လူဆိုးလူမိုက်မင်း၀သုန်တို့အုပ်စုပင်..

''ဖယ်ကြ...ဖယ်ကြနော်..လူဆိုးတွေလာပြီး..ဟဲ့ခွေးဖယ်စမ်း..''

ဂိမ်!!!

အကြောင်းမရှိအကြောင်းရှာလမ်းဘေးခွေးလည်းပြသာနာရှာတတ်သောသူတွေပင်..

''မိ၀သုန်..''

သူငယ်ချင်းဖြစ်သူလှထွေးမှယောင်ပြီးခေါ်လိုက်တာကြောင့်မင်း၀သုန်၏လက်သီးဟာလှထွေးမျက်နှာပေါ်သို့ကျရောက်လာခဲ့လေသည်။

ခွပ်!!!

''ဒီခွေးမသားတော့..မင်း၀သုန်..မင်းအမေလင်ကိုမိ၀သုန်လား..သေချင်းဆိုး..မူးတာတောင်ကောင်းကောင်းမမူးရဘူး..''

''ကန်တော့ပါကို၀သုန်မူးပြီးကျွဲခိုးပေါ်သွားတာ''

''ပြောလေကဲလေငါစောက်ကန်လိုက်လို့အိမ်ကိုလမ်းလျှောက်ပြန်စရာမလိုဘဲတန်းရောက်သွားမယ်...''

''မပြောတော့ဘူးကို၀သုန်...''

''ချစ်သောပျိုကညာမောင်ကြီးရဲ့ချစ်မေတ္တာတွေဟာ...''

''ဟျောင့်တွေဟိုမှာလိပ်ပြာလေးမဟုတ်လား''၀သုန်ကသူငယ်ချင်းဖြစ်သူတွေအားမေးလိုက်လေသည်။

''ဟားဟုတ်တယ်ကို၀သုန်..''

''အဟားအချိန်ကိုက်ဘဲမင်းတို့ဒီမှာနေခဲ့ငါရည်းစားစကားသွားပြောလိုက်အုန်းမယ်..''

''အဆင်ပြေပါစေကို၀သုန်ရေ..အေ့...''

၀သုန်ဒယိမ်းဒယိုင်နဲ့မိန်းမပျိုတွေရှိရာဆီသို့လျှောက်လာခဲ့လေသည်။

''ဟေးလိပ်ပြာလေးတွေကိုယ့်ရင်ထဲမှာ၀ဲပျံနေတယ်...အဟမ်း..ချစ်သောလိပ်ပြာလေး..''

''ဟဲ့၀သုန်နင်ဘယ်သူ့ကိုပြောနေတာလဲ''

''နင့်ကိုလေလိပ်ပြာရဲ့..''

''ဘာ!!!...နင်ဘာတွေပြသာနာရှာအုန်းမလို့လဲ၀သုန်..အေးဆေးနေလိုက်နော်..''

''ဟာလိပ်ပြာငယ်ကလည်းငါကနင့်ကိုနှောင့်ယှက်ဖို့ရောက်လာတယ်လို့နင်ထင်နေတာလားနင်ကကွာငါ့ကိုဆိုဘယ်တော့မှအကောင်းမမြင်နိုင်ဘူး''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now