The God King (part12)

77 11 0
                                    

လိပ်ပြာညဘက်အိပ်မပျော်ချေ၀သုန့်အားစိုးရိမ်မှုတို့ကကြီးစိုးနေလေသည်။

*၀သုန်နင်နန်းတော်မှာအဆင်ပြေရဲ့လားငါသိချင်လိုက်တာ...အရှင်မအမျက်တော်ထွက်ပြီးနင့်ကိုတစ်ခုခုအပြစ်ပေးလေမလားငါစိုးရိမ်တယ်၀သုန်ရယ်...ဟင်းး...ချစ်မိတော့လည်းရင်ထဲကစိုးရိမ်ပူပန်တဲ့မီးတွေကငြိမ်းသတ်ရခက်သားဘဲ...*

လူခြေတိတ်ချိန်မှာရွာထဲကို၀င်လာကြသောသွေးမြူရိပ်တောင်ဓားပြအဖွဲ့ပင်

ခေါင်းဆောင်ဖြစ်ဟန်တူသောလူကြီးက''ဒီမင်းညိုတောင်ရွာကိုမီးလောင်တိုက်သွင်းဖို့အရှင်မင်းမြတ်တွေကအမိန့်ပေးထားတယ်...အားလုံးဘဲရွာပတ်ပတ်လည်ကိုရေနံတွေလောင်းကြ...အကုန်လုံးကိုမီးရှို့ကြ...''

ထိုလူရဲ့အမိန့်သံအဆုံးအဖွဲ့သားများကတောင်ညိုရွာကြီးကိုစတင်မီးရှို့ဖျက်ဆီးတော့သည်။

ရွာကကလေးမိန်းမကြီးများကအော်ဟစ်ပြေးလွှားကာအကူညီတောင်းကြပေမယ့်..ဓားပြတွေလက်ချက်ကြောင့်ရွာလုံးကျွတ်သေဆုံးကုန်ကြလေသည်။

လွမ်းမောင်ထိုဓားပြတွေကိုခုခံတိုက်ခိုက်ရင်းရွာကလူတွေကိုဘေးကင်းတဲ့နေရာသို့ခေါ်ဆောင်သွားလေသည်။

လိပ်ပြာအဘအားခေါ်နေတဲ့အချိန်ဓားပြတွေရောက်လာပြီးလိပ်ပြာအားဖမ်းခေါ်ဖို့ကြိုးစားတော့သည်။

''အဘ....အဘ...ကယ်ကြပါအုန်း..''

ခွပ်!!!

မှတ်ကြီးလိပ်ပြာ၏လက်ကိုဆွဲကာထိုနေရာမှပြေးထွက်လာခဲ့လေသည်။

''မှတ်ကြီးအဘရော...''

''မမလေးအခုချိန်မှာဘေးကင်းဖို့အရေးကြီးတယ်...သွားရအောင်''

''မသွားဘူး..အဘကိုခေါ်ရမယ်''

''မမလေးဦးရီးမရှိတော့ဘူး..လာသွားရအောင်ဗျာ''

''မဟုတ်ဘူး...မှတ်ကြီးအဘမသေဘူး..ဘာလို့လဲ..မှတ်ကြီး...''

''မမလေးအခုချိန်မှာမမလေးအသက်ကအရေးကြီးဆုံးဘဲ''

''ဟာဟိုမှာမိန်းကလေး''ဓားပြတွေကသူမတို့ကိုတွေ့သွားပြီးပြေးလိုက်လာတော့မှတ်ကြီးကသူမ၏ဇက်ပိုးကိုအုပ်ကာထိုနေရာမှသူမကိုထမ်းပြီးပြေးထွက်လာလေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်حيث تعيش القصص. اكتشف الآن