The God King (part7)

96 14 0
                                    

စျေး၀ယ်ပြီးလှည်းနဲ့ပြန်လာတော့လမ်းမှာလှထွေးတို့၄ယောက်နဲ့တွေ့လေသည်။

လှထွေးက၀သုန့်အားမြင်တော့''ကို၀သုန်ကျုပ်ကိုအမကမှာလိုက်တယ်...ခနနေတောထွက်တော့မယ်တဲ့...ကို၀သုန်အမြန်ပြန်လာခဲ့ဖို့ပြောခိုင်းတယ်ဗျ''

၀သုန်လှထွေးစကားကြောင့်''အေးအေးငါလိပ်ပြာကိုပြန်ပို့ပေးပြီးရင်အမဆီသွားလိုက်မယ်''

''ဟူတ်ပြီးကို၀သုန်ကျုပ်တို့စျေးမှာ၀ယ်စရာရှိလို့သွားပြီးဗျို့...''

လှထွေး၀သုန့်အားနှုတ်ဆက်ပြီးနောက်စျေးဘက်ကို၄ယောက်သားဦးတည်လာခဲ့လေသည်။

လိပ်ပြာခနကလှထွေးစကားကြောင့်၀သုန့်အားမေးဖို့ကိုစိတ်တို့ကတွန်းအားပေးလေသည်။

''၀သုန်''

၀သုန်လှည်းမောင်းနေရင်းခေါ်လိုက်သောလိပ်ပြာကြောင့်ထူးလိုက်လေသည်။

''ဗျာ..လိပ်ပြာ''

''ခနကလှထွေးပြောတဲ့တောတက်တာအဲဒါနင်သွားမလို့လား''

''ဟုတ်တယ်လိပ်ပြာ..ငါ့ကိုညကအမသစ္စာလိုက်ခဲ့ပေးဖို့အကူညီတောင်းခဲ့လို့ငါခနနေမသစ္စာနဲ့တောတက်သွားရတော့မယ်''

၀သုန်ကတော့ပေါ့ပေါ့ပါးပါးဖြေပေမယ့်လိပ်ပြာကတော့စိတ်တွေတည်ငြိမ်မှုမရှိပေ။

''ဟိုနင့်ကိုဘဲခေါ်တာလား..ကိုခင်မောင်ကဆေးမြစ်ရှာတာကျွမ်းတယ်လေသူ့ကိုလိုက်ခိုင်းလိုက်ရင်ပိုအဆင်ပြေတာပေါ့''

''နင်ကလည်းပညာတတ်ပြီးမတွေးတတ်လေသလား..ကိုခင်မောင်ကမသစ္စာလိုမိန်းမကြီးမှမဟုတ်တာ...မသစ္စာကကျုပ်မိန်းကလေးတစ်ယောက်မို့အကူညီတောင်းတာ...ကျုပ်ကမသစ္စာတစ်ယောက်ထဲဆိုစိတ်မချဘူးဒါကြောင့်လိုက်ဖို့ပြောခဲ့တာပေါ့လိပ်ပြာရယ်...ပြီးတော့ကိုခင်မောင်နဲ့မသစ္စာကိုတောထဲ၂ယောက်ထဲလွှတ်ရင်မသင့်တော်ဘူးလေ...''

လိပ်ပြာက၀သုန့်အားစိတ်ပူလို့ပြောမိတာကိုဟိုကလာဟောက်စားလုပ်နေတော့လိပ်ပြာ၀သုန့်အားမျက်စောင်းထိုးလိုက်လေသည်။

လိပ်ပြာအိမ်ရှေ့ကိုရောက်တော့၀သုန်ကလှည်းပေါ်ကနေဆင်းလာပြီးသူမကိုပြေးပွေ့တော့''မလိုဘူး...ကိုယ့်ဘာသာဆင်းမယ်..ဖယ်!!!''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now