The God King (part16)

81 12 0
                                    

ပြည်တန်ဆာဆောင်တော်မှာအခန်းတစ်ခန်း၀ယ်ယူပြီးမိန်းမပျို၄ယောက်ကိုငှားရမ်းလိုက်လေသည်။

''ကိူ၀သူန်အခုအစီစဥ်တွေက၇ပြည်ထောင်ရဲ့သူလျှိုတွေကိုဖမ်းဆီးဖို့မဟုတ်လား..ဘာလို့မိန်းမတွေကိုပါခေါ်လိုက်ရတာလဲ''

''ရှူး!!!...''

ခနနေတော့မိန်းမပျိုလေးတွေရောက်လာကြပြီးသူတို့တွေဘေးနားမှာလာထိုင်ကာသေရည်ငှဲ့ပေးကြလေသည်။

''မောင်ကြီးတို့ကိုဒီမှာမတွေ့ဖူးဘူးဘယ်ကလာတာလဲ...''

''ကျုပ်တို့ကခရီးသွားတွေပါအနားယူဖို့ခနတဖြုတ်ဒီိကိုရောက်လာကြတာပါ...''

''အော်..ဒါဆိုမောင်ကြီးတို့ဒီတိုင်းသားတွေမဟုတ်ဘူးပေါ့...''

''မှန်ပါတယ်...''

''ဟုတ်လား''ထိုမိန်းမပျိုလေးကမေးနေရင်း၀သုန်တို့ကိုအကဲခတ်သလိုကြည့်လာလေသည်။

''ဒါနဲ့မောင်ကြီးတို့ကခရီးသွားတွေဆိုတော့အောင်သော၀ေရာကိုဘာကြောင့်ရောက်လာတာလဲ''

စကားနှိုက်ဖို့စဥ်းစားနေဟန်နဲ့မေးလာသောမိန်းကလေးအား၀သုန်ပြုံးပြရင်း''စစ်မှုထမ်ဖို့ရောက်လာတာဆိုရင်ဘာပြောချင်သေးလဲနှမငယ်...''

''စစ်မှုထမ်းဖို့အတွက်ရောက်လာတယ်ဆိုပါတော့...မောင်ကြီးတို့မသိလေသလား..ဒီတိုင်းကမကြာခင်မှာပျက်စီးပျောက်ကွယ်သွားတော့မှာလေအချိန်ကုန်ခံပြီးစစ်မှုလာထမ်းတယ်ဆိူတော့အံ့သြဖို့ကောင်းလွန်းပါတယ်...''

၀သုန်တို့စကားနှိုက်ပြီးမေးနေချိန်မှာသူမဆီမှဒီတိုင်းပြည်ကိုစစ်မှုထမ်းဖို့ရောက်လာသူတို့ကိုမလိုလားသည့်စကားဆိုလာသည်။

၀သုန်လှထွေးတို့အားလှည့်ကြည့်ပြီးခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။

''ဒီကနှမကဘာလို့သေချာအောင်ပြောနိုင်ရတာလဲ..အောင်သော၀ေရာကအဘယ်ကြောင့်ပျက်စီးကိန်းစိုက်မည်လဲ...''

''အိုဒါကလူတိုင်းနားလည်နေတဲ့အရာဘဲ..မောင်ကြီးတို့ကိုစေတနာနဲ့ပြောတာပါ...ဒီတိုင်းကစစ်မှုထမ်းဖို့မသင့်တော်ဘူး..မောင်ကြီးတိူ့ရည်မှန်းချက်တွေအောင်မြင်ချင်ရင်တော့၇ပြည်ထောင်ကိုသွားပြီးစစ်ပညာသင်ကြားသင့်တယ်..''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now