The God King (part73)

69 12 0
                                    

အခန်းတွင်း၀ယ်မည်သူမျှမရှိပေ။သူတို့၂ဦးအတွက်သွေးချင်းနှိိးနှောဖို့အတွက်အရာအားလုံးကတိတ်ဆိတ်လို့နေသည်။

ရွှေဘုံမြနန်းဟာသူမ၏နဂါးပျိုတို့ဂါထာတော်ကိုရွတ်ဆိုပြီးသခင်လေးနဲ့ခန္ဓာကိုယ်ချင်းထိကပ်စေကာအသွေးသားနှီးနှောပြီးသူမရဲ့စင်ကြယ်မှုကိုပေးဆပ်ခဲ့လေသည်။

''အားး...အရမ်းခံရခက်တာဘဲ...''နောက်ကိုလှည့်ပြေးချင်မိတဲ့အထိတွေးမိသွားသည်။

နာကျင်မှု၀ေဒနာကိုသည်းခံကာအပျိုစင်ဘ၀ကိုပေးဆပ်ခဲ့ပြီးမှဘုံနောက်ပြန်ဆုတ်စရာလမ်းမရှိပါ...ဘုံဒီအရာကိုလုပ်ဖို့ဆုံးဖြတ်ပြီးသားပင်...အဆုံးထိဒီလမ်းကိုလျှောက်ရမှာပေါ့...နာကျင်မှုကိုအာခံပြီးသူ၏ကိုယ်တွင်းမှကျိန်စာဓာတ်တွေဆုတ်ယူကာစင်ကြယ်တဲ့သွေးနဲ့ပေါင်းစပ်ပြီးပျက်ပြယ်သွားအောင်လုပ်ရမယ်...

သွေးသားချင်းနှီးနှောပေါင်းစပ်နေချိန်မှာအခန်းဆောင်တစ်ခုလုံးဟာအနီရောင်အလင်းတန်းများနဲ့တစ်ခန်းလုံးလင်းထိန်ပျက်စီးသွားလေသည်။

သူတော်နဂါးပျိုမယ်တို့ဟာထိုအခန်းရဲ့ထူးခြားတဲ့အငွေ့အသက်တွေကြောင့်အကုန်လုံးစိတ်လှုပ်ရှားနေကြလေသည်။

''နဂါးပျိုတစ်ဦးတော့ဒီကျောင်းတော်ကနေထွက်ခွာသွားရတော့မယ်ထင်ပါတယ်...''

''နဂါးမင်းရဲ့မြေးတော်အတွက်ပေးဆပ်ခဲ့တယ်လေဆုကြေးကောင်းကောင်းတော့ရမှာပေါ့...''

ထိုထဲမှမကျေနပ်သူတစ်ဦးတော့ရှိလေသည်။ထိုလူဟာအမတ်ကြီးသေနပတိ၏သားဟစ္စရာပင်

ဟစ္စရာဟာရွှေဘုံ့အားနှစ်အကြာကြီးချစ်ကြိုက်ခဲ့သောသူဖြစ်တာကြောင့်အခုလိုကျိန်စာဖြေတဲ့နည်းကိုသဘောမကျခဲ့ပေ။သို့သော်သူ့မှာအမိန့်ပေးပိုင်ခွင့်မရှိပေ။နဂါးမင်းရဲ့မြေးတော်ကိုကယ်တင်ပေးနေသောသူမကိုသူတားပိုင်ခွင့်မရှိပေ။

''အရှင်မင်းကြီးနဲ့အိမ်ရှေ့စံတို့ကြွချီတော်မူလာပြီး...''

တံခါးစောင့်ရဲမက်တို့ရဲ့အသံကြောင့်အားလုံးဟာဦးညွတ်အရိုသေပေးကြလေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now