The God King (part100)Final

170 13 0
                                    

နှစ်၂၀ခန့်ကြာသော်

အရှေ့တိုင်းနဂါးမျိုးနွယ်

မဟာဟိတ္တရာဇ်တိုင်း၏စစ်ရေးလေ့ကျင့်ရာတပ်ထဲတွင်ဓားသိုင်းကျင့်နေသောကောင်ငယ်လေးတစ်ယောက်ထိုကောင်လေးရဲ့ဓားသိုင်းတွေဟာနဂါးတွေရဲ့ကျင့်ကြံခြင်းတွေကွဲထွက်နေလေသည်။

ရား..၀ှစ်..

ခုတ်ပိုင်းလိုက်သောဓားချက်တွေကမြန်ဆန်ပြီးလျှပ်တပြက်အတွင်းအရှေ့ကသစ်သားရုပ်ကြီးကိုထက်ပိုင်းပြတ်စေသည်။

၀ိုး...ဖြောင်း...ဖြောင်း..ဖြောင်း

''အိမ်ရှေ့စံမင်းသားဓားရေးပြတာတော်တယ်ဗျာ...ကျွန်တော်မျိုးတို့ကိုလည်းဒီဓားလေ့ကျင့်နည်းကိုသင်ပါအုန်းအိမ်ရှေ့စံမင်းသား...''မင်း၀ဿန်သူ့အနားသို့ရောက်လာသောရဲမက်တို့အားခေါင်းငြိမ့်ပြကာသူ့လေ့ကျင့်ထားသောဓားရေးကိုပုံစံပြကာလေ့ကျင့်ပေးလေသည်။

နန်းရင်ပြင်ပေါ်ကနေသားဖြစ်သူအားလှမ်းကြည့်နေသောလိပ်ပြာငယ်နဲ့သမီးကြီးမိုး၀ဿန်တို့ဟာတလင်းပြင်မှာအတော်လေးလေ့ကျင့်နိုင်သည့်သားဖြစ်သူကိုချီးကျူးသောမျက်လုံးတွေနဲ့စိတ်၀င်တစားကြည့်နေကြလေသည်။

''မေမေကိုကြီး၀ဿန်ကခမည်းတော်လိုဘဲနော်ဓားရေးလေ့ကျင့်နေရရင်ဘာမှကိုသတိမထားတော့ဘူး..''

လိပ်ပြာလည်းသားဖြစ်သူရဲ့ဓားရေးမှာစိတ်ပါ၀င်စားစွာနဲ့ကြည့်နေတာကြောင့်ထမင်းစားချိန်ကိုတောင်မေ့လျော့နေလေသည်။သမီးကြီးမိုး၀ဿန်ပြောမှသာသတိရတော့သည်။

''အေးသမီးကြီးမေမေမေ့လျော့နေတာကွယ်သမီးဗိုက်ဆာနေပြီးလား...''

''မေမေကိုကြီးကိုအရင်သွားခေါ်လိုက်အုန်းမယ်ပြီးမှအတူတူစားကြတာပေါ့''ထိုအချိန်မှာသမီးငယ်မြဟေမာန်ကလိပ်ပြာတို့ဆီကိုရောက်လာပြီး''မေမေနဲ့မမမယ်တော်နဲ့မမထိပ်ထားတို့ကနေ့လည်ပွဲတော်တည်ဖို့စောင့်နေကြလေပြီးကွယ့်..''

''ဟုတ်လားသမီးဘုံနဲ့သမီးထိပ်ထားကိုတော့အားနာစရာတွေဖြစ်စေပြီး..ကဲကဲသမီးကြီးကကိုကြီးကိုသွားခေါ်လာခဲ့ချေ..မေမေညီမလေးနဲ့လိုက်သွားမယ်..''

You've reached the end of published parts.

⏰ Last updated: Apr 12 ⏰

Add this story to your Library to get notified about new parts!

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now