The God King (part58)

69 9 0
                                    

ပစ္စလီကာတိုင်း..

''အရှင်မင်းကြီးတောင်ဘက်မြို့ရိုးတံခါးပုန်ကန်သူတို့လက်ချက်ကြောင့်ပျက်စီးသွားပါပြီးဘုရား''

''ဘာ!!!...တော်တော်သောင်းကျန်တဲ့သူပုန်တွေဘဲ...ငါ့၏အရပ်လေးမျက်နှာကမြို့ရိုးတံခါးတွေကိုပုန်ကန်သူတွေလက်ချက်ကြောင့်ပျက်စီးကုန်ပြီးငါတို့တွေဒီတိုင်းနေလို့မဖြစ်ပေဘူး..ကျန်တဲ့၅ပြည်ထောင်ဆီစာတော်ပို့သပြီးပစ္စလီကာအတွက်ရဲမက်အင်အားနဲ့ကူညီပေးဖို့ပြောလိုက်ပါစစ်သူကြီးပေတိ''

''မှန်ပါ့ဘုရား..''

ပုန်ကန်သူတွေကတော့တခြားသူတွေတော့မဟုတ်ပေခင်မောင်တို့လျှို၀ှက်အဖွဲ့ပင်...

''တပ်မှူးချုပ်မောင်ကြီး...အဲဒီပုန်ကန်သူတို့ကိုဖမ်းဆီးပြီးငါ့ရှေ့တော်မှောက်ခေါ်လာခဲ့စမ်းဟေ့...''

''မှန်ပါ့ဘုရား...''

''အောင်သော၀ေရာကမကြာခင်ကျူးကျော်စစ်ခင်းလာတော့မည်..ဒီပုန်ကန်သူတွေကြောင့်ငါ့တိုင်းအရေးနိမ့်လို့မဖြစ်ပေဘူး...အမြန်ရှင်းလင်းပစ်ရမယ်''

''မှန်ပါ့ဘုရား..''စစ်သည်ရဲမက်များဟာအရှင်မင်းကြီးအမိန့်တော်နဲ့အနောက်ဘက်မြို့ရိုးကိုဦးတည်လာခဲ့လေသည်။တပ်မှူးချုပ်မောင်ကြီးဟာစစ်သည်ရဲမက်တို့ကိုထိုနေရာတစ်၀ှက်မှာကင်းစခန်းချထားစေကာပုန်ကန်သူတို့ကိုဖမ်းဆီဖို့အတွက်ပြင်ဆင်ထားကြလေသည်။

တပည့်တစ်ဦးရဲ့ပြောကြားမှုကြောင့်တောင်မြို့ရိုးဘက်မှာဘုရင်ကသူ့ရဲ့တပ်ဖွဲ့ကိုစေလွှတ်ပြီးခင်မောင်တို့ကိုဖမ်းဆီးဖို့အမိန့်ပေးထားလေသည်။

''ငါတို့တွေဒီညလှုပ်ရှားထားမှဖြစ်မယ်...ရန်သူတွေကဘယ်လိုကြံစည်ထားမယ်ဆိုတာမသိနိုင်ဘူး..ဒီညတောင်ဘက်မြို့ရိုးတံခါးကိုဖျက်ဆီးမယ်ရဲမက်တို့..အသင်တို့ကျုပ်ပေးထားတဲ့ဆေးတွေသောက်ထားကြလား''

''ဟုတ်ကဲ့တပ်မှူးချုပ်...ကျုပ်တို့တပ်မှူးချုပ်ပေးတဲ့ဆေးကိုသောက်ထားပါတယ်''

''အေးငါပစ်တဲ့အဆိပ်ငွေ့တွေကအရမ်းပြင်းလွန်းတယ်..မင်းတို့တွေဆေးသောက်ထားမယ်ဆိူဘာမှမဖြစ်ဘဲတိုက်ခိုက်နိုင်မှာ...ကဲပြင်ဆင်ပြီးကြပြီးဆိုတော့တောင်ဘက်မြို့ရိုးကိုသွားကြစို့ကွယ့်..''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Kde žijí příběhy. Začni objevovat