The God King (part78)

69 10 0
                                    

ဟစ္စရာတစ်ယောက်စာပေတွေကိုလေ့လာနေချိန်မှာစာပေတိုက်ဆီသို့အပြေးအလွှားနဲ့ရောက်လာသောခွန်မင်းတစ်ယောက်

''ဟစ္စရာမင်းကြားပြီးပြီးလား.''

''ဘာလဲခွန်မင်း.''ဟစ္စရာကခွန်မင်းအားမကြည့်ဘဲစာကိုသာအာရုံစိုက်ဖတ်ရှုနေလေသည်။

''မင်းရဲ့ဘုံသတိရလာပြီးကွ...''ခွန်မင်းအပြောကြောင့်ဟစ္စရာ၀မ်းသာသွားကာခွန်မင်းပုခုံးအားကိုင်ကာ

''ဟုတ်လား...သူအခုရောဘယ်လိုနေသေးလဲသက်သာရဲ့လား''

''ဘုံကအခုမှသတိရတာဆိုတော့အားနည်းနေသေးတယ်တဲ့..''

''ဘုံအခုဘယ်မှာလဲငါသွားတွေ့မယ်..''

''ဟစ္စရာမင်းသွားတွေ့လို့မရဘူး..''

''ဘာလို့လဲခွန်မင်း''

''ရွှေဘုံကအခုတော်၀င်နန်းတော်မှာမင်း၀သုန်နဲ့အတူရှိနေတာမင်းသွားလို့မရဘူး..''

''ခွန်မင်း...မင်း၀သူန်ကဘာလို့သူမကိုခေါ်ထားရတာလဲမင်းသိနေတယ်မလား''

''ဟင်းငါမသိဘူးဟစ္စရာ..ဒါပေမယ့်မင်းအဲဒီကိုသွားလို့ရမှာမဟုတ်ဘူး...''

''ဘာလို့လဲခွန်မင်း...''

''အိမ်ရှေ့စံကအမိန့်ထုတ်ထားတယ်တော်၀င်နန်းတော်ထဲကိုမင်းမျိုးမင်းနွယ်တို့သာ၀င်ခွင့်ရှိတယ်တဲ့..မသက်ဆိုင်သူတွေ၀င်လာမယ်ဆိုကြီးလေးတဲ့မင်းပြစ်ဒဏ်ကိုခံစားရမယ်လို့မိန့်ထားတယ်ကွ..ငါတောင်မင်းဆီကိုဘုံသတင်းလာပြောပြတာအဆောင်တော်မှူးဆီကကြားရလို့ကွ...ကဲမင်းလည်းသိပြီးပြီဘုံကိုစိတ်မပူနဲ့တော့...''

ခွန်မင်းတစ်ယောက်ဟစ္စရာပုခုံးအားပုတ်ကာစာပေတိုက်မှထွက်သွားလေတော့သည်။

''အို...သခင်လေးမလုပ်ပါနဲ့ဘုံ့ဘာသာလုပ်ပါ့မယ်...''

၀သုန်တစ်ယောက်ဘုံရဲ့ခြေလက်တွေကိုသန့်ရှင်းပေးနေတာကြောင့်တားနေရလေသည်။

''ဘုံငြိမ်ငြိမ်လေးနေပေးလို့ရမလား..ကျုပ်သန့်ရှင်းရေးလုပ်ပေးနေတယ်လေ''၀သုန်မျက်နှာတည်နဲ့သူမအားဆိုလာတော့ဘုံတစ်ယောက်ငြိမ်ကျသွားလေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now