The God King (part14)

80 12 0
                                    

မြူးတို့၏နယ်မြေ

''လိပ်ပြာညီမလေး''ချောင်းစပ်မှာထိုင်မှိုင်နေသောလိပ်ပြာအနားသိို့သစ္စာရောက်လာခဲ့လေသည်။

''မမ..''

''ညီမလေးဘာလုပ်နေတာလဲထမင်းစားမယ်လေ''

''လိပ်ပြာမဆာသေးဘူးမမ..မမတို့ဘဲစားနှင့်နော်''

သစ္စာလိပ်ပြာဘေးနားတွင်၀င်ထိုင်ပြီး''ညီမလေးအဘအတွက်စိတ်မကောင်းဖြစ်နေတာလား...''

''မမ..လိပ်ပြာမှာမိသားစု၀င်ဆိုလိူအဘတစ်ယောက်ဘဲရှိတော့တာပါ...အဘအခုလိုဖြစ်သွားတော့လိပ်ပြာ..လိပ်ပြာခံစားရတယ်''

''မိသားစု၀င်ကိုဆုံးရှုံးရတဲ့ခံစားချက်ကိုအမနားလည်ပါတယ်..အမ၅နှစ်အရွယ်တုန်းကအမေ့ကိုဆုံးရှုံးခဲ့ရဖူးတယ်..အဲချိန်တုန်းကအရမ်းငယ်သေးတော့အမညီမလေးလိုဘဲငိုယိုပြီးအမေ့ကိုဘဲတမ်းတနေမိတာ..ဒါပေမယ့်လည်းအမေကမရှိတော့ဘူးလေ...အဘကပြောတယ်ပျောက်သောသူကရှာရင်တွေ့တယ်သေသောသူကကြာလာရင်မေ့သွားမယ်တဲ့...အမအဲစကားကိုကြားတော့အဘကိုစိတ်ဆိုးတာပေါ့အမေ့ကိုဘာလို့မေ့ရမှာလဲပေါ့...ဒါပေမယ့်အဲစကားကတကယ်ဘဲမှန်နေတယ်နှစ်တွေကြာလာတော့အမနေသားကျသွားတယ်အမေဆိုတာကိုအမဘေးနားမှာမရှိတော့သလိုခံစားရပြီးနေသားကျလာခဲ့တယ်လေ...အမပြောချင်တာကညီမလေးဘ၀မှာလုပ်စရာတွေအများကြီးဘဲညီမလေးအခုလိုဘဲဘ၀ကိုအရှုံးပေးမယ်ဆိုဘယ်အရာမှဖြစ်လာမှာမဟုတ်ဘူး..ညီမလေးအဘကညီမလေးဘေးနားမှာမရှိတော့ပေမယ့်ညီမလေးရင်ထဲမှာတစ်သက်လုံးရှိနေမှာပါ...ညီမလေးဘေးမှာမမတို့မိသားစုရှိတယ်နော်ညီမလေးအားမငယ်နဲ့..လာမမတို့တွေထမင်းသွားရအောင်''

လိပ်ပြာအမကိုခေါင်းငြိမ့်ပြပြီးအမလက်ကိုဆွဲကာချောင်းစပ်ကနေတက်လာခဲ့လေသည်။

၀သုန်တို့အိပ်စက်နေသောအခန်းထဲကိုလူတစ်ယောက်၀င်ရောက်လာခဲ့လေသည်။

သက္ကအရှင်မရဲ့အမိန့်တော်အတိုင်းဒီလူငယ်၅ယောက်ကိုစမ်းသပ်ရန်ရောက်လာခဲ့ခြင်းပင်...

သက္ကထိုအခန်းထဲကို၀င်လာသည်ကိုဘယ်သူမှမသိကြပေ၊

အခန်းထဲမှာလူငယ်၅ယောက်ကတော့အိပ်မောကျနေလေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now