The God King (part63)

64 8 0
                                    

''မင်း၀သုန်..မင်း၀သုန်..အိပ်စက်နေတာတိုင်းပြည်ပျက်စီးတော့မယ်ထတော့ကွယ့်..လူလေးမင်း၀သုန်ထတော့''

၀သုန်တစ်ယောက်နားထဲမှာလူတစ်ယောက်သူ့အားခေါ်နေတဲ့အသံကြောင့်လန့်နိုးလာခဲ့လေသည်။

ဟင်း...

ဟင်း..

တကိုယ်လုံးချွေးများစိုရွှဲနေလေသည်။ချွေးများနဲ့ရွှဲနစ်နေတဲ့အကို့ကိုကြည့်ရင်း''အကိုသတိရလာပြီးလား..''

''ဟင်မင်းကဘယ်သူလဲ...''

အထွေးအားလူစိမ်းတစ်ယောက်လိုကြည့်ကာမေးလာသောကြောင့်''ကျမကထွေးငယ်ပါအကိုမြစ်ဆိပ်မှာသတိလစ်မေ့မျောနေလို့အဘကအိမ်ကိုခေါ်လာခဲ့တာပါ..အကိုနေလို့အဆင်ပြေရဲ့လားဘယ်လိုဖြစ်နေလဲဟင်...''

၀သုန်ထိုမိန်းကလေးကိုတခါမှမမြင်ဖူးပါ။..

''ကျုပ်ဒီကိုဘယ်လိုရောက်လာတာလဲ''

''အဘကိုမေးမှဘဲသိတော့မယ်အကို...အထွေးလည်းသေချာမသိတော့မပြောနိုင်ဘူး...ဒါနဲ့အကိုနာမည်ဘယ်လိုခေါ်လဲ..''

''ကျုပ်နာမည်ကိုမသိခင်ဒီနေရာကဘယ်အရပ်မှာလည်းပြီးတော့ကျုပ်ကစစ်ပွဲ၀င်နေတာလေဘာလို့ဒီမှာရှိနေရမှာလဲ..''

အထွေးမေးတာကိုမဖြေသေးဘဲပြန်ပြီးမေးခွန်းထုတ်နေသူအားမျက်စောင်းရွယ်ကာ''ဒီနေရာကတေဏိမာ၀ေတိုင်းပြည်ရဲ့ချောင်းဦးကျေးရွာ...ရှင်အခုရောက်နေတဲ့နေရာကမြစ်ဆိပ်ကမ်းကတံငါချောင်းဦးရွာမှာ''

''တေဏိမာ၀ေဆိုတာ၇ပြည်ထောင်ကမဟုတ်လား''

''ဟုတ်တယ်လေအကိုကသိနေတာလား.ဒါနဲ့အကိုကစစ်သည်တော်ဆိုတော့ဘယ်တိုင်းကလာတာလဲ''

''မင်းနဲ့မဆိုင်ဘူး..''၀သုန်ထိုသို့ပြောရင်းထလိုက်တော့ခေါင်းထဲမူး၀ေလာကာလဲကျသွားလေသည်။

''အို..အကိုသတိထားပါအုန်း.''အထွေးအကို့အားလှမ်းထိန်းပေးရင်းသူမပါလဲကျသွားလေသည်။

၀သုန့်ကိုကိုင်ထားသောသူမလက်ကိုဖယ်ချကာ''ငါနဲ့၀ေး၀ေးနေ...''

ထိုအချိန်မှာအမကစျေးကနေပြန်ရောက်လာခဲ့လေသည်။

''ထွေးငယ်ညီမလေးရေ..''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now