The God King (part38)

73 11 0
                                    

၀သုန်တစ်ယောက်ရွာရှိရာသို့ပြေးလွှာလာခဲ့လေသည်။

ရွာရှေ့ပေါက်ကနေ၀င်လာတော့၀သုန့်အားရွာသားများကလှမ်းကြည့်ကြတော့ပြုံးပြကာရွာထဲ၀င်လာခဲ့လေသည်။

ဆော့ကစားနေတဲ့ကလေးငယ်တွေက၀သုန့်အားမြင်တော့အကြီးအကဲကိုသွားပြောတော့အကြီးအကဲကထွက်လာပြီး၀သုန်ထံသို့လျှောက်လာကာ''မောင်ရင်ခရီးသွားတစ်ယောက်လားဒီကိုဘယ်လိုရောက်လာတာလဲကွယ့်..''

ဒီနေရာကသာမန်လူတွေလာဖို့ခက်ခဲတဲ့နေရာလေမြူးတွေကအပြင်လူတွေနဲ့ဆက်ဆံဖို့၀န်လေးနေပုံပင်..

၀သုန်ကဦးညွတ်ရင်း''ကျနော်ကဒီရွာကိုအကြောင်းအရင်းတစ်ခုကြောင့်ရောက်လာခဲ့တာပါ...ဆရာဦးခမ်းနောင်တို့ဒီရွာမှာရှိနေလားဘကြီး..''

''မောင်ရင်ကဦးခမ်းနောင်ကိုသိနေတာလားကွယ့်''

''ဟုတ်ကဲ့ကျနော်ကဦးခမ်းနောင်ရဲ့တပည့်မင်း၀သုန်ပါ''

''ဟေမင်း၀သုန်လား..မင်းဆရာကမင်းအကြောင်းအမြဲပြောပြနေလို့ငါသိပြီးပြီးကဲစိုင်းခရေဒီကမောင်ရင်ကိုသူ့ဆရာဆီကိုပို့ပေးလိုက်ကွယ့်''အကြီးအကဲဘေးနားကအရပ်ထောင်ထောင်မောင်းမောင်းနဲ့လူက၀သုန်အားကြည့်ပြီးခေါင်းငြိမ့်ပြကာသူ့နောက်လိုက်ခဲ့ဖို့ခေါ်လိုက်လေသည်။

သစ္စာတစ်ယောက်အဘလုပ်ခိုင်းတဲ့ဆေးကြိုခြင်းကိုလုပ်နေလေသည်။

အဟွတ်...ဟွတ်...

ဆေးနံ့တွေကြောင့်၀သုန်တစ်ယောက်နှာခေါင်းပိတ်ရင်းဆေးကျိုခန်းကို၀င်လာခဲ့လေသည်။

အဟွတ်..ဟွတ်..

''အဘရယ်..သမီးကိုလည်းအားနာအုန်း..အဘကဖြင့်အခုမှမပြင်ကပြန်ရောက်တာသမီးတော့ဒီမှာတနေကုန်ဆေးနံ့ရှုနေရတာ..အဟွတ်..ဟွတ်''

၀သုန်အားဆရာ့အထင်နဲ့ပြောနေသောမသစ္စာအားရယ်မိသွားလေသည်။

ဟားဟားဟား..အဟွတ်..ဟွတ်

''အဘဘာလို့ရယ်နေတာလဲ..ဟင်...ရှင်ဘယ်သူလဲ...လာကြပါအုန်း''

အွန့်..

၀သုန်အားလူဆိုးအထင်နဲ့အကူညီအော်တောင်းနေသောသူမပါးစပ်ကိုလက်နဲ့အပ်ပြီးတိုင်ဘက်ဆီသို့ကျောကိုကပ်စေကာ''အမသစ္စာကျုပ်ပါဗျမင်း၀သုန်...''သစ္စာမင်း၀သုန်ဆိုတဲ့အသံကြောင့်၀သုန်မျက်နှာပေါ်မှာအုပ်ထားတဲ့ပု၀ါစကိုဆွဲဖယ်လိုက်လေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now