The God King (part84)

60 10 0
                                    

အရှေ့တိုင်းနဂါးပြည်

မဟာဟိတ္တရာဇ်တိုင်းပြည်၌ကြီးကျယ်ခမ်းနားသောမဂ်လာပွဲကြီးကိုကျင်းပနေလေသည်။

နဂါးတို့ကျင်းပသောပွဲတော်ဖြစ်တာကြောင့်နတ်အပေါင်းနဲ့နဂါးမျိုးနွယ်တော်တို့လာရောက်ဂုဏ်ပြုကြလေသည်။

ရွှေပုလ္လင်ထက်မှာစံမြန်းနေသောကောင်းကင်ကမိတ်ဖက်အဖြစ်ရွေးချယ်ပေးထားသောမဂ်လာကြင်စဦးဇနှီးမောင်နှံတို့ကနဂါးတို့ရဲ့၀တ်စားဆင်ယင်မှုတို့နဲ့လှပတင့်တယ်စွာပင်...

တည်ငြိမ်မှုတို့ကိုဖော်ဆောင်နေသော၀သုန်ဟာလာရောက်ဂုဏ်ပြုကြသောဧည့်သည်တော်တို့ကိုအပြုံးဟုမဆိုနိုင်သောအပြုံးမျိုးနဲ့တည်ငြိမ်မှုကိုသာဖော်ဆောင်နေလေသည်။

၀သုန်ရဲ့တည်ငြိမ်မှုကိုတစိမ့်စိမ့်ငေးမောနေမိသူကတော့သူ့ဘေးနားမှာထိုင်နေတဲ့ဘုံပါဘဲ..

၀သုန်ကအခုလိုတည်ငြိမ်နေတာပိုပြီးတော့ကြည့်ကောင်းတယ်...ငါ့ရင်တွေဘာလို့ခုန်နေတာလဲကွယ်..ဒီမဂ်လာပွဲကငါ့အတွက်၀သုန်ကတာ၀န်ယူပေးခဲ့တယ်အချစ်ဆိုတဲ့ခေါင်းစဥ်နဲ့ဖြစ်တည်လာတာမဟုတ်တဲ့မဂ်လာပွဲခုန်ပေါက်နေတဲ့နှလုံးသားလေးရေအချိန်ခါမှားနေတယ်လို့ပြောပါရစေကွယ်..ဆက်ပြီးမခုန်ပေါက်ပါနဲ့ရပ်တန့်ပေးပါ...ဒီမဂ်လာပွဲကအချစ်ကြောင့်ဖြစ်လာခဲ့တာမဟုတ်လို့နင်ရင်မခုန်ရဘူး..တာ၀န်ဆိုတဲ့ခေါင်းစဥ်အောက်မှာရှိနေတဲ့နင်တို့၂ယောက်လုံးဟာအချစ်ဆိုတာနဲ့မတွေ့ဆုံခဲ့ရဘူး...

မဂ်လာပွဲအခမ်းနားကိုကိုယ်ရံတော်ပစ္စယကိုသာတာ၀န်ယူခိုင်းလိုက်ပြီး၀သုန်တစ်ယောက်အိပ်စက်ချင်နေတာကြောင့်အဆောင်တော်သို့ပြန်လာခဲ့လေသည်။

''၀သုန်...''သူ့အနောက်ကနေလိုက်ပါလာသောဘုံကသူ့လက်မောင်းကိုဖက်တွယ်ကာ''ဘယ်သွားဖို့လဲဟင်..''

''ကျနော်အိပ်ချင်နေပြီးမို့အဆောင်ကိုပြန်တော့မလို့ပါဘုံ''

''ဟင်..အဆောင်ကဒီမှာမဟုတ်ဘူးလေ..ဘုံတို့နေရမယ့်အဆောင်ကမြောက်ဘက်မှာ၀သုန်ရဲ့''

''ဟုတ်လား..ကျနော်မသိခဲ့ဘူးကျေးဇူးနော်ဘုံ..အာ...''၀သုန်တစ်ယောက်ပွဲခမ်းမမှာသေရည်နည်းနည်း၀င်ထားတာကြောင့်လူကမူး၀ေ၀ေနဲ့ဖြစ်နေလေသည်။ဘုံ့ဘက်ပြုတ်ကျလာသော၀သုန့်ကိုယ်လေးကိုထိန်းပေးလိုက်လေသည်

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Waar verhalen tot leven komen. Ontdek het nu