The God King (part37)

73 12 0
                                    

ဘိုးထေတို့မြူးရွာမှာ၁လကြာနေခဲ့ပြီးနောက်ပြန်ဖို့အချိန်တန်လေပြီး

နေမြင့်ချိန်မနက်၉နာရီမှာပင်ရွာကထွက်ခွာဖို့ပြင်ဆင်လေသည်။

အထုပ်အပိုးပြင်ဆင်ကာမှကြက်သူခိုးကိုမတွေ့ရတာကြောင့်ဘိုးထေတပည့်တစ်ဦးအားမေးလိုက်လေသည်။

''ညီခင်ဘယ်သွားနေတာလဲ''

''ဆရာ...အရှေ့တပ်မှူးကသူ့ချစ်သူကိုနောက်ဆုံးနှုတ်ဆက်ချင်လို့တဲ့ဆရာဘဲသူ့ပစ္စည်းသိမ်းပေးပါလို့မှာခဲ့ပါတယ်..''

''တောက်!!!..ကြက်သူခိုးချစ်သူနဲ့သာယာမလို့သွားတာငါ့ကိုတောင်အမှာတော်နဲ့အ၀တ်ထုပ်ကိုသိမ်းခိုင်းလိုက်သေးတယ်..တွေ့မယ်ကြက်သူခိုးမင်းပြန်လာရင်ငါပြန်ပြီးခိုင်းရမယ်''

ချောင်းစပ်မှာတော့ညီခင်တစ်ယောက်ချစ်သူလှယဥ်ထွေးနဲ့သာယာနေလေသည်။

''ဟတ်ချိုး!!!..''

''ကိုညီခင်..နေမကောင်းလို့လား...''

''မဟုတ်ပါဘူးအထွေးလေး...ကျုပ်နေမကောင်းမဖြစ်ပါဘူး...''

လှယဥ်ထွေးနဲ့ညီခင်ဒီကိုရောက်ပြီးမကြာသေးခင်ကမှမေတ္တာမျှကာသမီးရည်းစားဘ၀ကိုရောက်ခဲ့ကြလေသည်။

ညီခင်ကတော့သူ့ချစ်သူ၏ကိုယ်လေးကိုရင်ခွင်ထဲထည့်ကာထွေးပွေ့ရင်း''ကျုပ်တို့ဘယ်တော့များမှပြန်ဆုံမယ်ဆိုတာမသိပေမယ့်အထွေးကိုကျုပ်နှစ်နှစ်ကာကာနဲ့ချစ်မိတာဗျ..''

''အထွေးကိုညီခင့်ရဲ့မေတ္တာတွေကိုယုံကြည်တယ်...အထွေးတို့တွေအခုတော့၀ေးကြရပေမယ့်နောက်တစ်ချိန်မှာပြန်ဆုံရမှာပေါ့ကွယ်...အထွေးကိုညီခင့်ကိုအဲဒီအချိန်ထိမျှော်နေမယ်နော်''

''အထွေးရယ်...''ညီခင်သူမရဲ့နဖူးလေးကိုကြင်နာစွာနမ်းရှိုက်ရင်းမဆုံးသေးသောဘ၀ခရီးလမ်းမှာသူမနဲ့အတူလျှောက်လှမ်းနိုင်ဖို့သူကြိုးစားရမည်။ဒီလိုအချိန်လေးကိုကိုမင်းနဲ့အတူတစ်သက်လုံးဖြတ်သန်းနိုင်ဖို့ကြိုးစားမှာပါအထွေးလေးရေ...

ဘိုးထေတို့မြင်းကိုတင်းကုပ်ကနေဆွဲခေါ်လာချိန်လိပ်ပြာကဘိုးထေတို့နားကိုရောက်လာလေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now