The God King (part11)

101 13 0
                                    

၀သုန်ဦးရီးရွှေ၀ပြောစကားတွေကြောင့်အတော်လေးဒေါသထွက်ခဲ့ရသည်။၇ပြည်ထောင်ကကျေးဇူးတရားကိုမထောက်ဘဲစစ်ကြေငြာဖို့စိန်ခေါ်လိုက်တာပင်...

အောင်သော၀ေရာတိုင်းပြည်ကပြည်ကြီး၃ခုကိုပေါင်းစည်းထားသောတိုင်းတစ်ခုပင်..၀သုန်တို့နေတဲ့ရွာကတောင်ညိုကြီးရွာဖြစ်ပြီးအောင်သော၀ေရာပိုင်သောရွာငယ်တစ်ခုဆိုလည်းမမှားပေ။

အလိမ္မာနည်းနဲ့စစ်ကြေငြာခဲ့သော၇ပြည်ထောင်မင်းများကိုမည်သို့မည်ပုံဖြေရှင်းမည်ကိုအရှင်မကိုယ်တိုင်ဆုံးဖြတ်လိမ့်မည်။ကျုပ်တို့၅ယောက်ကစာချွန်လွှာပါးရုံသာ...

မြင်း၅ကောင်နဲ့အတူလူ၅ယောက်တို့ကအောင်သော၀ေရာနန်းတော်ဆီိသို့ဦးတည်ခရီးနှင်လာလေသည်။၂ညသာမောင်းနှင်ရမှာကြောင့်စာနပ်ရိက္ခာတို့ကိုပြည့်စုံအောင်ယူလာခဲ့ရလေသည်။

မဟာဓုသာလီတောကိုဖြတ်ရမှာမို့၅ယောက်သားမနားမနေခရီးနှင်လာခဲ့လေသည်။

''ညီနောင်တို့အရှေ့မှာမဟာဓုသာလီတောစပ်ကိုရောက်တော့မယ်သတိသာထားမျက်စိကိုစူးရှစွာဖွင့်ထားပေတော့ဟေ့...''

''ဟိုက်ရား...''

ဟီး...ဟီး...

မြင်းတွေကတောရဲ့အငွေ့သက်ကြောင့်ဟီးကုန်လေသည်။

၀သုန်မြင်းဇက်ကြိုးကိုဆွဲကာ''ညီလေးငဖြူငါတို့တွေစာချွန်တော်ပို့သရပေမည်...ရဲစွမ်းသတ္တိမွေးပြီးဤတောလမ်းကသွားမှအောင်သော၀ေရာနန်းတော်တံခါး၀ကိုရောက်ပေမည်..အချိန်မရှိဘူးဟေ့...ညီလေးငဖြူသွားမယ်...''

ငဖြူဆိုတဲ့မြင်းဟာလူစကားနာလည်သည့်အလားဟီးသံတစ်ချက်ပေးပြီးမဟာဓုသာလီတောကို၀င်ရောက်သွားလေသည်။ကျန်တဲ့မြင်းများမှာလည်းထိုမြင်း၀င်သွားသည်နှင့်အနောက်ပါးမှလိုက်လာခဲ့တော့သည်။

မဟာဓုသာလီတောကကျိန်စာနဲ့သူယောင်တွေပေါတဲ့တောလိုလူပြောများကြတယ်...ဒီတောလမ်းကိုရွေးချယ်သွားရတာကလဲ...တစ်ဖက်တိုင်းကတွေမရိပ်မိအောင်လို့ပင်...၀သုန်တို့တောလမ်းအတိုင်းဖြတ်မောင်လာခဲ့ရာ..တနေရာအရောက်တော့မိန်းမပျို၁ဦးကသူတို့လမ်းကိုပိတ်ရပ်ကာတားလေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now