The God King (part88)

63 10 0
                                    

ညကြီးမင်းကြီးအချိန်မှာလူတစ်ယောက်ဟာကောင်းကင်ဆီကနေအောင်သော၀ေရာနန်းရင်ပြင်ဆီသိူ့ဦးတည်ရောက်ရှိလာလေသည်။

ထိုလူကမျက်လုံးတို့ဟာညအချိန်မှာအ၀ါရောင်တောက်ပနေလေသည်။သူဦးတည်တဲ့နေရာကသိပ်ချစ်ရတဲ့သူမ၏ခန်းဆောင်ဆီသို့..

အိပ်မောကျနေသောသူမကိုယ်လေးကိုရင်ခွင်ထဲထွေးဖက်ထားချိန်မှာပင်သူမရင်ခွင်ထဲမှာအိပ်ပျော်နေသောသားငယ်လေးကအော်ဟစ်ငိုယိုလာတော့သည်။

လိပ်ပြာသားငယ်ငိုသံကြောင့်လန့်နိုးလာတော့သူမအားပွေ့ဖက်လက်တစ်စုံကြောင့်ထိတ်လန့်ကာအနောက်သိူ့လှည့်ကြည့်လိုက်တော့သူကမျက်၀န်းတောက်တောက်နဲ့လိပ်ပြာအားစူးစိူက်ကြည့်နေလေသည်။

''ရှင်..ရှင်ဘယ်သူလဲ..ဘာလိုချင်လို့လဲလွှတ်ပါ...''

လိပ်ပြာသူမအားဖက်တွယ်ထားသောထိုလူ့လက်တို့ကိုဆွဲဖယ်နေပေမယ့်ထိုလူကသန်မာလှသည်။လိပ်ပြာအားကုန်သုံးနေပေမယ့်ထိုလူ့လက်တို့ကိုမဖယ်ရှားနိုင်ပေ။

''ကျမကိုလွှတ်ပါ..ကျမမကြိုက်ဘူး...''

''မောင်တော့ကြိုက်တယ်မောင်မင်းကိုအရမ်းလွမ်းတယ်လိပ်ပြာငယ်...''

''ဟင်...''ဒီအသံဟုတ်တယ်လိပ်ပြာဒီအသံကိုမမေ့နိုင်လောက်အောင်လွမ်းနေခဲ့ရတာ..၀သုန်...လိပ်ပြာထိုလူဘက်သို့လှည့်လာကာမျက်နှာအားလက်ဖ၀ါးနဲ့အုပ်ကိုင်ကာ

''၀သုန်!!!...ဟင့်..နင်မဟုတ်လားဟင်...''

''မောင်ပါမင်းကိုသိပ်ကိုလွမ်းနေရတဲ့မင်း၀သုန်ဆိုတဲ့သူပါကွယ်..သိပ်ကိုလွမ်းရတယ်လိပ်ပြာရယ်..''

''ဟင့်..၀သုန်..နင့်ငါတို့သားအမိကိုထားသွားပြီးထင်နေခဲ့တာ..ဟင့်..နင်ငါ့ဆီကိုပြန်လာခဲ့တယ်...ငါအရမ်းပျော်တာဘဲ''

သားအမိ???၀သုန်တစ်ယောက်လိပ်ပြာပြောသောစကားကိုစဥ်းစားနေမိသည်၊

ထိုအချိန်သားလေးကသူ့အဘကိုအသိပေးနေသည့်အလား..အသံပေးကာကြိုဆိုလေသည်။

အု၀ဲ..အု၀ဲ..အု၀ဲ...

''လိပ်ပြာ..ကလေးငိုနေတယ်..ဘယ်သူ့ကလေးလဲ..လိပ်ပြာ..''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now