The God King (part47)

82 10 0
                                    

၀သုန်မနက်အိပ်ယာကနိုးတော့ဘေးနားမှာအစောကမရှိတော့ပေ။

''အစောညီလာခံသွားတာထင်ပါ့...''၀သုန်အပျင်းကြောဆန့်တန်းရင်းအိပ်ယာမှထလိုက်လေသည်။

၀သုန်ချိုးရေသုံးပြီးအပျိုတော်တွေကသူ၏၀တ်စားတွေကိုပြင်ဆင်ပေးလေသည်။၀သုန်ကနန်းတော်မှာအရှင်မရဲ့အလေးပေးခြင်းခံရသောလုလင်ပျိုတစ်ဦးဖြစ်သလိုအပျိုတော်တွေကသဘောကျခဲ့သောနှင်းဆီခိုင်ကြီးပင်...

''သခင်လေး၀သုန်...အရှင်မကနိုးလာရင်မနက်စာစားပြီးမှလုပ်စရာရှိတာဆက်လုပ်ပါလို့မှာခဲ့ပါတယ်ရှင့်''

၀သူန်ကရွာမှာကတည်းကမနက်နိုးတာနဲ့ထန်းရည်နဲ့မျက်နှာသစ်တဲ့ကောင်အခုလည်းမြို့ထဲသွားပြီးအကြီးဆုံးဖွင့်ထားတဲ့ယာမကာရည်မျိုးစုံဆိုင်ကိုဘိုးထေတို့နဲ့သွားသောက်ဖို့ပြင်ဆင်ကာမှအရှင်မက၀သုန်မနက်စာမစားတာကိုဘယ်တုန်းကတည်းကရိပ်မိသွားလည်းမသိပေ။အခုတော့၀သုန်တစ်ယောက်အရှင်မအမိန့်နဲ့မနက်စာစားနေရလေသည်။

ညီလာခံအစည်းအ၀ေးမှာတော့

''အရှင်မဘုရားတိုင်းသူပြည်သားတွေရဲ့စားနပ်ရိက္ခာကိုဘယ်သို့စီစဥ်ထားပါသလဲဘုရား''

''တိုင်းပြည်အတွက်ငါကိုယ်တော်ပြင်ဆင်ထားတယ်ဒီကိစ္စကိုဆောင်ရွက်ဖို့အမတ်ကြီးဟေမာကတာ၀န်ယူပေးရမယ်...''

''မှန်ပါ့ဘူရား..ကျနော်မျိုးအရှင်မအမိန့်တော်အတိုင်းဆောင်ရွက်ပါ့မယ်ဘုရား''

''အင်း...ကျန်တဲ့သူတွေလျှောက်ထားချင်တဲ့အကြောင်းအရာရှိသေးလား''

''မှန်ပါ့ဖုရား...ပုဏ္ဏားတို့..နေတဲ့နေရာရေချိုတွေလိုအပ်နေကြောင်းပါဘုရား..''

''သက္က..ပုဏ္ဏားတွေဆီကိုရေစည်ကြီး၂၀ပို့ဆောင်ပေးလိုက်ပါ...''

''အရှင်မဘုရား..ပေနု၀ိယာကိုအောင်နိုင်ပြီးနောက်ပိုင်း၆ပြည်ထောင်တို့ကတည်ငြိမ်နေတာမထူးဆန်းပေဘူးလား''

''အမတ်ကြီးအိုယာပြောတာမှန်တယ်..၆ပြည်ထောင်တွေငြိမ်နေပေမယ့်ငါကိုယ်တော်ရဲ့တိုင်းပြည်ကအမြဲတမ်းစစ်ပွဲအဆင်သင့်ဖြစ်နေရမယ်...ဆတ္တ.''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now