The God King (part64)

60 11 0
                                    

အရှေ့ပိုင်းနဂါးပြည်

မဟာဟိတ္တရာဇ်တိုင်းပြည်

''အရှင်မင်းမြတ်အားတမန်တော်ကလာရောက်ခစားကြောင်းပါဘုရား''

နန်းတွင်းကိုယ်ရံတော်တပ်မှူးပစ္စယ ကတလွန်တော်ထက်မှာစံမြန်းနေသောနဂါးမင်းတို့ရဲ့အရှင်သုခရာဇာအားဦးညွတ်ကာလျှောက်ထားတော်မူလေသည်။

နဂါးမင်းသုခရာဇာဒီနယ်တစ်ခွင်မှာနာမည်ထင်ကျော်ဇောနေသောအရှေ့တိုင်းနဂါးမင်းတစ်ပါးပင်...

''အရှင်မင်းကြီး...အနောက်ပိုင်းနဂါးမျိုးနွယ်တို့ဟာအမြုတေရှိတဲ့နေရာကိုသိရှိသွားပြီးနောက်နဂါးမင်း၏မြေးတော်ကိုလိုက်လံရှာဖွေဖမ်းဆီးနေကြောင်းပါဘုရား...''

သုခရာဇာနဂါးမင်းမှာတလွန်ထက်မှာထကာ
''အချိန်တွေကုန်ဆုံးတာမြန်သားဘဲ...ငါ၏မြေးတော်ကအရွယ်ရောက်လာခဲ့ပြီး...ငါ့ရဲ့နန်းမွေကိုဆက်ခံဖို့အချိန်ကျပြီးနဂါးမျိုးနွယ်တော်တို့...အနောက်ပိုင်းနဂါးမျိုးနွယ်တို့ရန်ကနေငါ၏မြေးတော်ကိုကာကွယ်စောင့်ရှောက်ပေးဖို့နဂါးပျိုမေသုခရှင်နဲ့ရွှေဘုံမြနန်းတို့ကိုလူ့ပြည်သို့စေလွှတ်ပြီးငါ၏မြေးတော်အားစောင့်ရှောက်ပေးဖို့ရှေ့တော်မှောက်ခစားရောက်ရှိစေအမိန့်တော်''

''မှန်လှပါနဂါးမင်းတရားကြီး...''

နဂါးမင်းဟာကိုယ်ရံတော်အားစေလွှတ်ကာနဂါးပျိုမယ်၂ဦးအားရှေ့တော်မှောက်ခစားရောက်ရှိစေသည်။

''အရှင်မင်းကြီးကျနော်မျိုးမတို့ရှေ့တော်မှောက်ခစားရောက်ရှိပါပြီးဘုရား''

''အမိန့်တော်ကိုဆောင်ရွက်ဖို့အသင့်ဘဲလားအသင်တို့..''

''မှန်ပါ့အသင့်ရှိကြောင်းပါဘုရား''

''ကောင်းလှပြီးဒါဆိုငါ၏အမိန့်တော်ကိုနာခံပေတော့အောင်သော၀ေရာတိုင်း၏အရေးတွင်ပါ၀င်ကူညီပေးနေရသောငါ၏မြေးတော်မင်း၀သုန်ဆိုတဲ့လူငယ်အားအသင်တို့၂ယောက်အနောက်တိုင်းနဂါးတို့ရန်ကနေကာကွယ်ပေးရမည်။...ငါ၏မြေးတော်တစ်စုံတစ်ခုဖြစ်ခဲ့ပါကအသင်တို့အသက်သွေးနဲ့ပေးဆပ်ကြရမယ်..ဒါဟာငါ၏တစ်ချက်လွှတ်အမိန့်တော်ဘဲနဂါးပျိုတို့နာခံမည်လား''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now