The God King (part29)

76 9 0
                                    

အလွမ်းတွေ၀ေနေသောတောင်တန်းကြီးငေးမျှော်ကြည့်နေမိသည်။

သစ္စာရဲ့အချစ်ရဆုံးအကိုဖြစ်တဲ့ကိုလွမ်းမောင်ရဲ့မြေပုံဘေးမှာလွမ်းသူပန်းခွေကိုကဗျည်းတိုင်မှာစွပ်ပေးလေသည်။

''အကိုအေးချမ်းတဲ့နေရာမှာကောင်းမွန်စွာအိပ်စက်အနားယူပါတော့...သစ္စာအကိုရှိနေတဲ့နေရာလေးဆီကိုနေ့တိုင်းလာတွေ့ပါ့မယ်...''

လိပ်ပြာနှင့်သူရလည်းငိုနေတဲ့သူမပုခုံးကိုပုတ်ပေးကာနှစ်သိမ့်ပေးလေသည်။

''ကိုလွမ်းမောင်လိပ်ပြာတို့တွေအကို့ကိုလာတွေ့တယ်နော်..အကိုအေးချမ်းစွာနဲ့အနားယူပါ..မသစ္စာနဲ့အဘကိုစိတ်မပူပါနဲ့လိပ်ပြာတို့တွေစောင့်ရှောက်ပေးမှာပါ...''

လိပ်ပြာအကို့မြေပုံပေါ်မှာပန်းလေးကိုတင်ပေးရင်ပြောလာသည်။

ကိုခင်မောင်နဲ့လှထွေးကလည်းစိတ်မကောင်းခြင်းများစွာနဲ့ထိုမြေပုံဘေးမှာဒူးထောက်ချကာ''ကျုပ်တို့ကိုအရင်လိုဆုံးမပေးမယ့်သူမရှိတော့ဘူး...ကျုပ်တို့အပေါ်မှာအကိုမေတ္တာအပြည့်နဲ့စောင့်ရှောက်ပေးခဲ့သူ..ကိုလွမ်းမောင်ကောင်းရာသုခတိလားပါစေလို့ကျုပ်တို့ဆုတောင်းပေးပါတယ်ဗျာ...''

''ကိုလွမ်းမောင်ကျုပ်တို့တွေတာ၀န်ပြီးမြောက်ရင်အကို့ဆီကိုတခေါက်ပြန်လာခဲ့ပါ့မယ်ဗျာ...''

ညနေစောင်းအချိန်တောစပ်မှာလူတစ်စုစု၀ေးနေကြလေသည်။ထိုလူတွေကတော့ခင်မောင်နဲ့လှထွေးဦးဆောင်တဲ့အဖွဲ့ဟာပစ္စလီကာတိုင်းကိုခရီးနှင်ဖို့မြူးလူမျိုးတွေကိုနှုတ်ဆက်နေခဲ့တာပင်...

''ကျုပ်တို့ဒီတောမှာရှိနေတဲ့ကာလပတ်လုံးစောင့်ရှောက်ပေးခဲ့လို့အကုန်လုံးကိုကျေးဇူးတင်ပါတယ်...ကျုပ်တို့ရွာကလူတွေကိုကယ်တင်စောင့်ရှောက်ပေးခဲ့လို့ထပ်ပြီးကျေးဇူးတ်င်ပါတယ်...''

''ကျေးဇူးတင်ဖို့မလိုပါဘူးကျုပ်တို့အောင်သော၀ေရာပြည်သူအချင်းချင်းကူညီပေးသင့်တာပေါ့...ကဲမောင်ရင်တို့အချိန်လည်းမစောတော့ဘူးခရီးနှင်ရအုန်းမယ်မလားထွက်ခွာတော့ကွယ့်..''မြူးလူမျိုးတွေရဲ့ဆရာဖြစ်တဲ့အဘိုးအိုကဆိုလာသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Unde poveștirile trăiesc. Descoperă acum