The God King (part52)

78 11 0
                                    

မောင်တော်!!!

၀သုန်အရှင်မအော်သံကြောင့်လန့်နိုးလာခဲ့လေသည်။ထိုနည်းတူပင်လိပ်ပြာလည်းနိုးလာခဲ့လေသည်။

(အသံအောင်တော့၂ယောက်လုံးနိုးလာတာပေါ့😂😂😂)

''အစော...ဘယ်တုန်းကရောက်နေတာလဲ..''

''အရှင်မ...''

''လိပ်ပြာငယ်နင်ဘယ်လိုဖြစ်ပြီးငါ့အခန်းထဲကိုရောက်နေတာလဲ''

''ဟိုလိပ်ပြာအရှင်မခိုင်းထားတဲ့အတိုင်းလုပ်ဆောင်ပြီးပြီးလို့အရှင်မကိုလာပြောတာပါ...ဒါပေမယ့်အရှင်မမရှိဘူး''

''ကိုယ်တော်မရှိတာနဲ့ဘဲတလွန်ပေါ်ထိမောင်တော်နဲ့အရှက်မဲ့လိုက်တဲ့ကျွန်...''

အစောပြောနေတဲ့စကားတွေဟာလိပ်ပြာအပေါ်မှာအလွန်ခက်ထန်နေတာကြောင့်၀သုန်တားရတော့သည်။

''အစောဘယ်လိုပြောလိုက်ရတာလဲလိပ်ပြာကကျနော့်ရဲ့ချစ်သူဗျအစောအဲလိုမပြောသင့်ဘူး...''

''မောင်တော်!!!ဘာလို့အခူလိုသူမဘက်ကပါပေးနေရတာလဲ..မောင်တော်လိပ်ပြာဆီသွားပြီးပြန်လာကတည်းကအစောရိပ်မိနေတယ်မောင်တော်မျက်နှာကအရင်ကလိုမဟုတ်တော့ဘူးတစ်ခုခုကိုပူဆွေးနေပြီး၀မ်းနည်းနေခဲ့တာ...''

''အစောဘယ်လိုသိတာလဲ''

''အစောသိပ်ချစ်ရတဲ့မောင်တော်ကိုအမြဲတမ်းအရိပ်တကြည့်ကြည့်နဲ့နေလာခဲ့တာပါမောင်တော်ဘာဖြစ်ခဲ့တာလဲအစောမမေးချင်ဘူး..ဘာလို့လဲသိလားအစောမေးခဲ့လို့ရှိရင်အတိတ်ကဒဏ်ရာတွေကိုပြန်တူးဖော်သလိုဖြစ်ပြီးမောင်တော်နာကျင်ရမှာစိုးလို့အစောမေးချင်ပေမယ့်မျိုသိပ်ထားခဲ့ရတာပါ...''

''အစော...တောင်းပန်ပါတယ်ကျနော့်ချစ်သူကိုတော့အခုလိုမပြောပါနဲ့..ကျနော်အပေါ်မှာထားခဲ့တဲ့အစောရဲ့မေတ္တာတွေကိုကျနော်နားလည်ပါတယ်..ဒါပေမယ့်အစော..ကျနော်ကလိပ်ပြာနဲ့နှလုံသားချင်းထပ်တူကြခဲ့တဲ့သူလိပ်ပြာကျနော့်ကိုချစ်သလိုကျနော်လည်းလိပ်ပြာကိုချစ်တယ်...''

အစောနာကျင်စွာပြုံးလိုက်မိသည်။မောင်တော်ကအစောအပေါ်မှာမေတ္တာရှိနေတာမဟုတ်ဘူးလား..လိပ်ပြာကိုမမေ့နိင်သေးလို့အစောအပေါ်မှာခံစားချက်ရှိသယောင်လုပ်နေခဲ့တာလား...အစောမောင်တော်စိတ်ကိုနားမလည်တော့ချေ။...

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now