The God King (part40)

89 12 0
                                    

၀သုန်အိပ်ယာကနိုးတော့ဘေးနားမှာသူမမရှိတော့ပေဘယ်ချိန်ကတည်းကထွက်သွားသည်မသိအိပ်ယာတောင်သိမ်းပြီးနေလေပြီး..၀သုန်တစ်ယောက်ညကအချစ်ပွဲနွှဲထားတာကြောင့်နေမြင့်မှထနိုင်တော့သည်။

မနက်စောစောထတတ်သည့်ကောင်ကအခုမှထတော့ဆရာ့ရဲ့အဆူကိုပါခံရလေတော့သည်။

''၀သူန်ဘယ်ချိန်ရှိပြီးလဲကွယ့်မင်းအိပ်နိုင်လှချည်လားနန်းတော်မှာလည်းအခုလိုဘဲအိပ်နေတာလား''

ဆရာကတော့၀သုန်အိပ်မှုန်စုံမွှားနဲ့ပုံကိုမြင်ပြီးဆူတော့သည်။ဆရာကနောက်ကျတဲ့အထိအိပ်တဲ့သူတွေဆိုအခုလိုပင်ဆူလေ့ရှိသည်။

၀သုန်မျက်နှာသစ်ရင်း''ဆရာလိပ်ပြာရော..''

''မျက်လုံးဖွင့်တာနဲ့လိပ်ပြာဘဲလား..လိပ်ပြာကမင်းအမနဲ့တောထဲကိုဆေးမြစ်တူးဖို့အဖော်လိုက်သွားတာ...၀သုန်မင်းမနက်စာအတွက်ဟိုမှာလိပ်ပြာကပြင်ဆင်ပေးထားခဲ့တယ်...''

''ဟုတ်ကဲ့ဆရာ''လိပ်ပြာကသူ့အတွက်မနက်စာပါပြင်ပေးသွားတယ်ပေါ့ဟိဟိမိန်းမလက်ရာစားရချည်ရဲ့...

၀သုန်မနက်စာစားပြီးတော့..''ဆရာကျုပ်မြင်းငဖြူကိုသွားရှာလိုက်အုန်းမယ်ဗျ''

''အေးအေးဂရုစိုက်အုန်း၀သုန်တောထဲမှာကျားပေါတယ်ကွယ့်..''

၀သုန်ကလက်ဆွဲတော်ဓားကိုစလွယ်သိုင်းကာ''ဟုတ်ကဲ့ဆရာ''လို့ပြောပြီးတောတက်ဖို့ထွကိလာခဲ့လေသည်။

သူရတစ်ယောက်ဦးခမ်းနောက်တဲကထွက်သွားတဲ့ထိုလူကိုကြည့်ရင်းလိပ်ပြာကိုဆုံးရှုံးရမှာကြောက်လာမိသည်။ဒီလူသာလိပ်ပြာကိုခေါ်သွားမယ်ဆိုသူခံစားနိုင်မည်မဟုတ်...

လိပ်ပြာကိုအမြန်ဆုံးဖွင့်ပြောပြီးဒီကနေထွက်မသွားဖို့တားရလိမ့်မည်။

အချစ်ကတွန်းအားပေးနေတာကြောင့်သူရတစ်ယောက်သူ၏စိတ်ထားကိုပင်နားမလည်နိုင်တော့လောက်အောင်အမှောင်ဖုံးသွားလေပြီး...

ညနေစောင်းချိန်မှာလိပ်ပြာတို့ရွာကိုပြန်ရောက်လာခဲ့လေသည်။မိန်းမပျို၃ဦးဟာခြင်းတောင်းကြီးကိုနောက်မှာထမ်းပြီးရွာထဲကို၀င်လာခဲ့လေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now