The God King (part26)

71 9 0
                                    

မြူခိုးရိပ်တွေဖုံးလွှမ်းနေတဲ့တောင်ကြီးဆီသို့အကြည့်ရောက်သွားခိုက်ထိုတောင်ကြီး၏နာမည်ကားသွေးမြူရိပ်တောင်ဟုနာမည်တွင်သည်မှာမဆန်းလှပေ။သွေးရောင်ကဲ့သို့ဖုံးလွှမ်းနေသောမြူခိုးများကြောင့်ပင်...

ဘိုးထေဦးဆောင်တဲ့အဖွဲ့သားများအားလက်ကာပြလိုက်တော့အနောက်မှမြင်းတပ်ကြီးဟာရပ်တန့်သွားလေသည်။

''ဆရာဘာဖြစ်လို့လဲ..''တပည့်တစ်ယောက်မှဘိုးထေအားလှမ်းမေးလိုက်လေသည်။

''ကိုဘိုးထေဘာအကြောင်းထူးလို့လဲ..''ညီခင်ကမြင်းကိုရှေ့သိုနှင်လာရင်းမေးလိုက်လေသည်။

''ရန်သူ့နယ်မြေကိုရောက်ပြီးမင်းတို့တွေသတိရှင်ရှင်ထားကြ!!!..''

အား.အား.အားး

တောကြီးမျက်မဲထဲမှာကျီးငှက်အော်သံများကကြားရဆိုးစွာနဲ့ပေါ်ထွက်လာလေသည်။

''ဟာဘယ်ကကျီးတွေလဲ...''

''အားလုံးသတိနဲ့သွား..အကုန်လူစုခွဲမယ်...''ဘိုးထေစကားသံအဆုံးမှာအားလုံးကလူစုခွဲကာတောင်ကြီးပေါ်သို့တက်ရောက်လာခဲ့ကြလေသည်။

ဘိုးထေ၏နောက်တွင်တပည့်၇ယောက်လိုက်ပါလာလေသည်။

အားလုံး၃အုပ်စုခွဲထားလေသည်။

ညီခင်တို့ကတောင်ဘက်ကနေတက်မည်။ဘိုးထေတို့အဖွဲ့ကအရှေ့ကနေတက်လာလေသည်။

ကျန်တစ်ဖွဲ့ကအနောက်ကနေတက်လာခဲ့လေသည်။

သွေးမြူတွေဖုံးလွှမ်းနေတာကြောင့်ကိုယ်အဖွဲ့မကွဲဖို့ကိုဂရုစိုက်နေရသည်။

ရား...

မြင်းခွာသံကြားရပြီးနောက်အနောက်ကနေချောင်းတိုက်သောဓားပြတစ်ယောက်ကိုဘိုးထေလက်ဆွဲတော်လှံတော်နဲ့ပစ်ခွင်းကာအဆုံးသတ်ပေးလိုက်သည်။

စွပ်!!!

အာ့

ဟီး.....မြင်းဟီးသံနဲ့အတူအနောက်မှသွေးမြူရိပ်တောင်ဓားပြတို့ရောက်လာကြလေသည်။

ဘိုးထေလှံကိုပုံစံပြောင်းပြီးသူတို့ဆီဦးတည်လာတဲ့ဓားပြတွေကိုမြင်းပေါ်ကနေအ၀ေးပစ်နံချက်ကူလှံနဲ့လှည့်ပတ်ကာဓားပြတွေကိုရစ်ပတ်လိုက်လေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now