The God King (part39)

80 11 0
                                    

လိပ်ပြာ၀သုန်ရောက်နေသည်ဆိုတဲ့သတင်းကိုရွာသားတစ်ယောက်ဆီမှကြားသိရတာကြောင့်အလွန်ပျော်ရွှင်ကာတဲထဲသို့ပြေး၀င်လာခဲ့လေသည်။

''ညီမလေး..ဘာလို့ပြေးလာရတာလဲ''

''၀သုန်ရောက်နေတယ်ဆိုလို့ပြေးလာတာမမ..ဒါနဲ့၀သုန်ရော''

''ငါ့ညီမရယ်၀သုန်ကရှိပါတယ်ကွယ့်ခရီးပန်းလာလို့ဟိုမှာအိပ်နှင့်နေပြီး..''

''ဟင်၀သုန်အိပ်နေပြီးလား..ဟွန့်လိပ်ပြာကသူ့ကိုတွေ့ချင်တာကိုသူကဒီရောက်တာနဲ့အိပ်ရော...မရဘူးသူ့ကိုသွားနှိုးမယ်''လိပ်ပြာပြောရင်း၀သုန့်အိပ်နေသည့်နားသို့တိုးကပ်သွားပြီး၀သုန့်ခါးကိုကလိထိုးလိုက်တော့၀သုန်တစ်ယောက်ယားလာကာထထိုင်လိုက်လေသည်။

''ညီမလေး..ဘယ်လိုလုပ်နေတာလဲ၀သုန်ခရီးပန်းလာတာနားပါစေကွယ်''

''မရဘူး၀သုန်စုတ်ကညီမကိုတစ်ယောက်ထဲထားခဲ့တာသူမအိပ်ဘူး..၀သုန်စုတ်ထစမ်း..ထ...''

''၀ါးး..လိပ်ပြာ..ဘယ်လိုရောက်နေတာလဲ...''

''နင်ကဒီရောက်တာနဲ့အိပ်ယာပေါ်တန်းမှောက်တော့တာဘဲ..ငါ့ကိုသတိတရတွေ့မယ်မရှိဘူး''

လိပ်ပြာအပြောကြောင့်၀သုန်ပါးဖောင်းဖောင်းလေးကိုဆွဲညစ်ရင်းး''ငါ့မှာနင်တစ်ယောက်ထဲရှိတာပါဟာတစ်ချိန်လုံးသတိရနေခဲ့တာသိရဲ့လားအရူးမလေးရဲ့''

''မသိဘူးနင်ငါ့ကိုတစ်ယောက်ထဲထားခဲ့ပြီးနန်းတော်မှာဘုရင်မနဲ့ချစ်ကြည်နူးနေတာမဟုတ်လား၀သုန်စုတ်မှန်မှန်ပြောမလိမ်နဲ့...''

''ဟာ..လိပ်ပြာမင်းကိုဘယ်သူပြောတာလဲ''

''ဘယ်သူပြောပြောပေါ့..ပြောပြရှင်တို့အချစ်အကြောင်းလေ''

''ဟိုကောင်တွေတော့ကွာ..ဒီမှာလိပ်ပြာငါ့ရင်ထဲမှာနင်တစ်ယောက်ထဲရှိတယ်ဆိုတာနင်မှတ်ထားငါ့ကိုအဲလိုမယုံကြည်တဲ့စကားမျိုးတွေမပြောနဲ့တောက်!!!''

၀သုန်တစ်ယောက်လိပ်ပြာရဲ့ဘုရင်မနဲ့ချစ်ကြည်နူးနေတဲ့အကြောင်းပြောပြဟုပြောလိုက်တာကြောင့်စိတ်ဆိုးကာတဲထဲမှထွက်သွားလေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now