The God King (part49)

72 10 0
                                    

လိပ်ပြာတို့ခရီးနှင်လာခဲ့တာ၄လကြာပြီးနောက်ဆုံးတော့အောင်သော၀ေရာတိုင်းကိုရောက်တော့သည်။

''အဘအောင်သော၀ေရာတိုင်းကိုရောက်ပြီးသမီးတို့ကိုအရှင်မက၀င်ခွင့်ပေးပါ့မလား''

စားသောက်ဆိုင်တဆိုင်တွင်နေ့လည်စာ၀င်စားနေကြသောလိပ်ပြာတို့၅ယောက်ပင်

သစ္စာကအဘကိုလှမ်းမေးလိုက်တော့အဘက''၀သူန်ရဲ့ဆွေမျိုးတွေလို့ပြောပြီး၀င်ရမှာပေါ့''

''ဒါနဲ့အဘ၀သုန်ကနန်းတော်ထဲမှာနေတာဆိုပေမယ့်အခုလိုအပြင်တွေဘာတွေတော့ထွက်မှာပေါ့..''

''၀သုန်ကခြေငြိမ်တဲ့ကောင်မဟုတ်ဘူး..အပြင်ထွက်ချင်ထွက်မှာပေါ့...''

လိပ်ပြာကအဘစကားကြောင့်ဘေးဘီ၀ယ်ရာစားသောက်ဆိုင်ဘက်တွေကို၀သုန့်၏အရိပ်ယောင်များမြင်ရမလာဆိုပြီးလိုက်ကြည့်နေလေရဲ့..ဒါကိုသိသောသစ္စာက''၀သုန်ကိုရှာနေတာလားညီမလေး...နန်းတော်ရောက်ရင်၀သုန့်ကိုတွေ့ရမှာပေါ့ဒီနေရာမှာ၀သုန်မရှိလောက်ဘူးထင်တယ်...''

ဦးခမ်းနောင်ကနန်းတော်ကိုသွားရမှာမို့မြန်မြန်စားသောက်ဖိူ့ပြောကာနန်းတော်တို့ထွက်လာခဲ့လေသည်။

နန်းတော်ရှေ့ကိုရောက်တော့

တံခါးစောင့်ရဲမက်၂ယောက်တားလေသည်။

''အပြင်လူတွေနန်းတော်ထဲကိုအကြောင်းတစ်စုံတစ်ရာမရှိဘဲလာရောက်လို့မရပါ...''

''ကျုပ်တို့ကဒီကိုအကြောင်းရှိလို့ပါကွယ်...ကျုပ်သမီးရဲ့ချစ်သူကဒီမှာတာ၀န်ထမ်းဆောင်နေတယ်ဆိုတာကြားသိလို့လာခဲ့ရတာပါကွယ်..''

''ဟုတ်လို့လားဘကြီး...''

''ဟုတ်ပါတယ်ရှင်..ကျမညီမလေးချစ်သူကဒီမှာတာ၀န်ထမ်းဆောင်နေတဲ့သူပါ''

''ဒါဖြင့်ရင်အမည်နာမကိုတော့သိမှာပေါ့..''

''ဟူတ်ကဲ့ကျမချစ်သူနာမည်ကမင်း၀သုန်ပါအကိုတို့''

''မင်း၀သုန်ဟုတ်လား...မိန်းမငယ်ကမင်း၀သူန်ရဲ့ချစ်သူလား...''

''ဟုတ်ကဲ့..ကျမချစ်သူကိုတွေ့ချင်လို့တွေ့ခွင့်ပေးပါနော်''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now