The God King (part81)

89 13 0
                                    

မြူးလူမျိုးစုတို့ကျေးရွာ

''အု၀ဲ.အု၀ဲ..အု၀ဲ...''အငယ်လေးကိုနို့တိုက်နေတုန်းအကြီးမလေးကထငိုလာပြန်တော့အထွေးတစ်ယောက်မောင်ငယ်အားအော်ခေါ်ရလေတော့သည်။

''မောင်ငယ်ရေ..မောင်ငယ်..''

''ဗျာမမ..ကျနော်ထင်းခွဲနေတာဘာခိုင်းမလို့လဲဗျ''သူရကထင်းခွဲနေရင်းကနေလှမ်းမေးလိုက်လေသည်။

''မင်းသူမကြီးနိုးလာလို့ကွယ်..အမအငယ်လေးကိုနို့တိုက်နေတာချော့ပေးလို့မရလို့ပါကွယ်...''

သူရတစ်ယောက်ထင်းခွဲတာကိုရပ်ပြီးအမဖြစ်သူဆီသို့ပြေးလာခဲ့လေသည်။ချွေးသံရွှဲရွှဲနဲ့သူရဟာအခင်းပေါ်လူးလိမ့်ကာအော်ငိုနေသောသူမဖြစ်သူအားပွေ့ချီကာချော့မြူပေးလေသည်။

''အို..တိတ်တိတ်..ဦးလေးသူမလေးကတော်တယ်ကွယ်မငိုလေနဲ့တိတ်ကွယ့်...''

အကြီးမလေးကသူရ၏စကားကြောင့်ငိုနေတာတိတ်သွားပြီးသူရအားပြူးပြူးလေးနဲ့စိုက်ကြည့်နေလေသည်။

''ရွှေမယ်သူလေးကလိမ္မာလိုက်တာကွယ်...ဦးလေးသူမကြီးလိမ္မာတုံးလေး''ပါးလေးကိုမွှေးကြူလိုက်တော့တခစ်ခစ်နဲ့အော်ရယ်နေသောကလေးမလေးမယ်သူပင်...

လှယဥ်ထွေးသမီးကြီးနဲ့မောင်ငယ်တို့ပျော်နေတာကိုကြည့်ပြီးမောင်ငယ်နေရာမှာညီခင်သာဆိုဘယ်လောက်တောင်သမီးကြီးနဲ့ပျော်နေရှာမလဲတွေးမိတိုင်းအထွေးစိတ်ထဲ၀မ်းနည်းမှုတို့ကကြီးစိုးလာခဲ့သည်၊

ရင်ခွင်ထဲမှာနို့စို့ရင်းအိပ်ပျော်သွားသောသမီးငယ်ခင်နှင်းမေအားပုခက်လေးပေါ်သို့တင်ကာချော့တိတ်တေးဆိုပေးလေသည်။

တရေးနိုးနေသောသမီးကြီးမယ်သူကတော့သူ့ဦးလေးကအပြင်ခေါ်ထုတ်ပြီးသွားကစားနေလေသည်။

အထွေးအ၀တ်သေတ္တာထဲမှာထည့်သိမ်းထားတာကြာပြီးဖြစ်သောထိုအရာကိုယူထုတ်ကြည့်လေသည်။

ထိုအရာကညီခင်စစ်မြေပြင်သို့မထွက်ခွာမှီပေးခဲ့သောပု၀ါနီနဲ့ထုတ်ပိုးထားခဲ့သောသေတ္တာအသေးလေးပင်..ဒီသေတ္တာကိုအခုချိန်မှထုတ်ဖွင့်ကြည့်ရသည်။သေတ္တာကိုဖွင့်လိုက်တော့အထဲမှာဆွဲကြိုးနဲ့လက်၀တ်လက်စားတွေစာတစ်စောင်ကပါနေရာယူထားလျက်ပင်...ထိုစာကိုအထွေးဖွင့်ဖတ်ကြည့်လိုက်လေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now