The God King (part80)

92 12 0
                                    

''ကိုခင်မောင်..ကိုခင်မောင်...''ခင်မောင်တစ်ယောက်မွေးခါနီးဖွားခါနီးဖြစ်နေသောမိန်းမဖြစ်သူကိုပြုစုယုယပေးနေချိန်ကာလသားချက်လှထွေးကအော်ကြီးဟစ်ကျယ်နဲ့အဆောင်တော်ထဲကို၀င်လာခဲ့လေသည်။

''ဘာလဲလှထွေး...''

''ကိုခင်မောင်ပျောက်သွားလို့လိုက်ရှာတာပါ..အခုလိုမြင်ကွင်းမျိုးကကြည်နူးစရာကောင်းလို့ပါပေ့ဗျာ.ကျုပ်တောင်မိန်းမယူချင်စိတ်ဖြစ်သွားပြီးကိုခင်မောင်...''

''အမယ်မင်းကလေ..ဒါဆိုချစ်သူရှိပြီးပေါ့ဘယ်မှာလဲငါ့ခယ်မ..''

''ဟို..မရှိသေးဘူးရှာရအုန်းမှာဗျ..ဟိဟိ...ကျုပ်ကကိုခင်မောင်လိုဘဲချောချောလှလှလေးကိုရွေးရှာမှာ..''

''မင်းကလား..ဘယ်ရွာကကွန်းတောင်ကိုင်လည်းပြောပါအုန်း''

''ဒါတော့မပြောသေးပါ..နောက်ကျရင်တွေ့ရမှာပေါ့...အဲကျမှလှထွေးမိန်းမတော်မယ့်ကောင်မလေးအရမ်းလှတယ်ဆိုပြီးမမြှောက်လေနဲ့ဟားဟား''လှထွေးတစ်ယောက်ပြောရင်းတစ်ယောက်ထဲရယ်မောနေတာကြောင့်မြသီရိခင်မောင့်အားလက်တို့ကာ''အမောင်..လှထွေးဒီနေ့ဆေးမှားသောက်လာတာလားဟင်ကြည့်ရတာစိတ်မမှန်သလိုဘဲ...''

မြသီရိအမောင့်အားတီးတိုးပြောနေသည်ကိုကြားသောလှထွေးတစ်ယောက်ဒေါသအိုးပွက်ပွက်ဆူကာ''မရီးကျုပ်ကိုစိတ်မမှန်ဘူးပြောချင်နေတာလား..ကျုပ်အကောင်းကြီးရှိသေးတယ်ဗျ..မရီးရဲ့ယောကျာ်းကသာအခုတလောသိပ်ပြီးမူမမှန်နေဘူး...ကျုပ်မနေ့ကတွေ့လိုက်တယ်..ကိုခင်မောင်အပျိုတော်အဆောင်ဘက်ကိုဘာသွားလုပ်တာလဲမသိဘူး..''

''ကာလသားချက်!!😒😒😒''

''ဟာကိုခင်မောင်မဟုတ်လို့လားဗျာမရီးကိုခင်မောင့်ကိုသေချာထိန်းထားအုန်း..တော်ကြာနောက်မီးလင်းနေရင်မကောင်းဘူး...''လှထွေးတစ်ယောက်ချွန်တွန်းလုပ်ပြီးမြသီရိအဆောင်တော်မှပြေးထွက်သွားလေသည်။

''ဟေ့ကောင်ငမွေထိုးကာလသားချက်ပြန်လာစမ်း''

''ကိုခင်မောင်!!!😡😡😡လှထွေးပြောတာတွေအားလုံးကအမှန်တွေဘဲလား..''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Tempat cerita menjadi hidup. Temukan sekarang