The God King (part23)

75 10 0
                                    

၀ေါင်း

ကျားဟိန်းသံကြောင့်ဆေးမြစ်တူးနေသောသကောင့်သားလှထွေးနဲ့ခင်မောင်မှာခေါင်းနပန်းကြီးသွားလေသည်။

''လှ..လှထွေး..မင်းကြားလိုက်လား...''ခင်မောင်တစ်ယောက်ကျားဟိန်းသံကြောင့်ကြောက်ဒူးတုန်နေလေပြီး

''ကြားတယ်ဟမြောက်ဘက်ကဘဲဟိန်းသံထွက်လာတာ''

လှထွေးမှာလည်းပတ်၀န်းကျင်ကိုသေချာအကဲခတ်နေရင်း

''ကယ်ကြပါအုန်း..ကယ်ကြပါအုန်း''

''ဟင်..ဒီအသံ..ကိုခင်မောင်ဒီအသံကိုရင်နှီးသလိုဘဲ..ကြားလားလူအော်သံလေ''

''ဟျောင့်လှထွေးအဲတာလူကိုကျားကိုက်လို့အော်တာဖြစ်မယ်...''

''ကိုခင်မောင်ကျုပ်တို့သွားကြည့်ကြရအောင်...အကူညီတောင်းးနေတာလားမသိ''

''နေအုန်း..လှထွေးတောကြီးထဲမှာဘယ်ကလူကအော်မှာလဲမဖြစ်နိုင်တာကွာ..ဒီတောကြီးကလူမနေတဲ့နေရာလေငါတို့ကိုတောခြောက်တာဖြစ်မှာပါကွာ''

''အား..ကယ်ကြပါအုန်း..ကျား..ကျား''

တောင်အရပ်ကိုပြေးလာသောလူတစ်ယောက်ပင်..ထိုလူကိုသေချာကြည့်လိုက်တော့သွေးများနဲ့ဘယ်သူဘယ်၀ါမှန်းမသိပေ။

အနောက်ကလိုက်လာသောအကောင်ကြီးကြောင့်လှထွေးတို့၂ယောက်သားအပင်ပေါ်သို့တက်ပြေးကြလေသည်။

''နည်းတာကြီးမဟုတ်ဘူး..၁၂တောင်လောက်ရှိမယ်..ခနကလူကတော်တော်အသက်ပြင်းတာဘဲကျားကိုက်တာတောင်ပြေးနိုင်သေးတယ်...''

''သား..သား...''အပင်အောက်သို့ရောက်လာသောသူကိုခင်မောင်တို့ငုံ့ကြည့်လိုက်တော့ဆရာဖြစ်နေတာတွေ့တော့အံ့သြသွားလေသည်။

''ဆရာ!!!''

ဦးခမ်းနောင်တစ်ယောက်သားဇောနဲ့ပြေးလိုက်လာပြီးအပင်တစ်ပင်အောက်မှာနားခိုနေစဥ်အပင်ပေါ်မှာဆရာဟုခေါ်လိုက်တာကြောင့်အပေါ်ကိုမော့ကြည့်လိုက်တော့လှထွေးနဲ့ခင်မောင်ဖြစ်နေလေသည်။

''ဟင်..လှထွေး..ခင်မောင်မင်းတို့ဒီကိုဘယ်လိုရောက်လာတာလဲ..''

''ဒါကပြောရမှာအရှည်ကြီးဗျာ..ဆရာကကျားဖမ်းတာလား''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now