The God King (part79)

74 12 0
                                    

''ဘယ်လိုအရှင်မင်းကြီးနဲ့အိမ်ရှေ့မင်းတို့တွေဘုံကို၀သုန်နဲ့လက်ဆက်ပေးမယ်ဟုတ်လား...''

''ဟုတ်တယ်.ဘုံ..ဒီကိစ္စကငါ့ကြောင့်ဖြစ်ရတာလေငါ့မှာတာ၀န်ရှိတာပေါ့ဘုံ...ငါနင့်ကိုလက်ထပ်မယ်ဘုံ..လက်ခံပေးနိုင်မလား''ဘုံလက်ကလေးကိုအုပ်ကိုင်ကာပြောလာသော၀သုန့်အားသူမရွှန်းရွှန်းစားစားပြန်ကြည့်နေမိသည်။ယောကျာ်းပီသတဲ့ရုပ်ရည်မျိုးကိုပိုင်ဆိုင်ထားသော၀သုန်ကအခုလိုသူမဘ၀ကိုတာ၀န်ယူမည်ဟုပြောလာသည်။ဘုံလက်မခံနိုင်စရာမရှိပေ။

''ဘုံ၀သုန်ပြောတာကိုလက်ခံတယ်၀သုန်..''

''ဒါဆိုငါမဂ်လာကိစ္စကိုအမြန်ဆုံးဆောင်ရွက်ပေးဖို့ဘိုးတော်ဘုရားကိုသွားလျှောက်တင်လိုက်မယ်နော်ဘုံ...''

၀သုန်ကသူမနဖူးကိုနမ်းရှိုက်ပြီးနောက်ထပ်တဖန်အဆောင်တော်မှထွက်သွားပြန်သည်။နွေးထွေးသည်သူအနမ်းတွေကဘုံ့အတွက်နွေးထွေးလွန်းသည်။

''နွယ်...အချစ်ခနနေပါအုန်း..မောင်ကြီးကိုစိတ်ဆိုးနေတုန်းလား..''ဘိုးထေတစ်ယောက်နွယ်၀ေနောက်သို့ပြေးလိုက်လာခဲ့လေသည်။

''ကိုဘိုးထေကျမနောက်ကိုဆက်မလိုက်လာနဲ့...''

''မောင်ကြီးရှင်းပြတာကိုနားထောင်ပေးပါနော်...နွယ်ကအဘိုးယက္ခရွေးချယ်ပေးခဲ့တဲ့မိန်းကလေးဆိုပေမယ့်မောင်ကြီးတကယ်ချစ်မိသွားခဲ့သူဆိုလည်းမမှားဘူး..မောင်ကြီးအဘိုးကြောင့်နွယ့်ကိုရွေးချယ်ခဲ့တာမဟုတ်ပါဘူး...မောင်ကြီးစိတ်ထဲမှာနွယ့်ကိုအင်မတန်ချစ်မြတ်နိုးခဲ့မိလို့လက်ထပ်ဖို့ကိုခွင့်တောင်းရတာပါနွယ်ရယ်မောင်ကြီးရဲ့မေတ္တာတွေကိုလျစ်လျူမရှုပါနဲ့...လက်ခံပေးပါနော်မောင်ကြီးရဲ့နှမငယ်ရယ်...''

အရှင်သခင်ရှေ့ဒူးထောက်ခစားသလိုဘိုးထေဟာနွယ်၀ေရှေ့သိူ့ဒူးထောက်ခစားပြီးသူမစိတ်ဆိုးပြေဖို့ကိုတောင်းပန်ပြီးလက်ထပ်ခွင့်တောင်းလေသည်။

နွယ်၀ေဘိုးထေမျက်နှာကိုသေချာကြည့်ပြီ''တကယ်ပြောနေတာလား...''

''မလိမ်၀ံ့ပါဘူးနှမရယ်..မောင်ကြီးတကယ်ပြောတာပါဗျာ...နှမကိုမောင်ကြီးသိပ်ချစ်တယ်...မောင်ကြီးနဲ့အတူတမိုးအောက်မှာအတူနေပြီးမိသားစုဘ၀ကိုတည်ဆောက်ဖို့လက်ခံလားနှမငယ်...''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now