The God King (part66)

69 10 0
                                    

''ကြီးမြတ်သောသွေးရိုင်းနတ်မင်းကြီးအားဦးညွတ်လျှောက်ထားပါ၏..ကျွန်ုပ်တို့ရဲ့သွေးရိုင်းမျိုးနွယ်၀င်တို့အားအုပ်ချုပ်ခဲ့သောအရှင်၀ိခ၏သမီးတော်သခင်မလေးနွယ်၀ေဟာဤသွေးရိုင်းနယ်မြေကိုဆက်လက်အုပ်ချုပ်စေဖို့အရှင်နတ်မင်းကြီးအားခွင့်ပန်လျှောက်ထားပါ၏..နတ်မင်းကြီး၏အစွမ်းတန်းခိုးတွေနဲ့သခင်မလေးအားစောင့်ရှောက်ပေးတောမူပါ...''

အကြီးအကဲတေနောကနတ်မင်းကြီးအားထိုသို့လျှောက်ထားပြီးနောက်အစီအရင်တွေနဲ့ပြုလုပ်ထားသောသွေးစိမ်းရှင်ရှင်ကန်ထဲကိုနွယ်၀ေ့အားကိုယ်ဗလာနဲ့၀င်စိမ်စေကာဘေးပတ်ပတ်လည်မှာလဲတိရိစ္ဆာန်အရိုးတွေကို၀န်းရံထားလေသည်။

''ကဲအချိန်ကျပြီးအရှင်မရဲ့ဦးခေါင်းထက်သို့နတ်သားရဲသွေးကိုလောင်းချပေးပါ..''

အကြီးအကဲတေနောရဲ့အမိန့်သံအဆုံးမှာလူ၂ယောက်ဟာနတ်သားရဲသွေးပါသောကျောက်ခွက်ကြီးကိုမကာနွယ်၀ေ၏ဦးခေါင်းထက်သို့လောင်းချလိုက်လေသည်။
အကြီးအကဲတေနောဟာလောင်းချလာသောသွေးများကိုကြည့်ရင်းတစ်စုံတစ်ခုကိုရွတ်ဆိုနေလေသည်။

ပြီးနောက်မှာတော့ထိုကန်ကြီးကိုပတ်ပတ်လည်မှာမျိုးနွယ်စုတွေက၀န်းရံကာ''သွေးရိုင်းနယ်စားအရှင်သခင်မအားဦးညွတ်ကန်တော့ပါ၏အရှင်မကျန်းမာပါစေအရှင်မသက်တော်ရာကျော်ရှည်ပါစေ...''

ထိုသို့၃ကြိမ်၃ကြိမ်ခါရွတ်ဆိုပြီးမှာတော့နွယ်၀ေမျက်လုံးတို့ဟာအရင်ကထက်အရောင်တွေတလက်လက်နဲ့တောက်ပလာလေသည်။

ကိုယ်ပေါ်သို့လွှမ်းခြုံလာသောအ၀တ်ဖြူတစ်ခုလုံးသွေးချင်းချင်းနီရဲသွားလေသည်။

နွယ်၀ေမျက်လုံးတို့ဟာ၀သုန်ကိုကြည့်နေရင်းကနေ၀ေ၀ါးလာကာနွယ်၀ေတစ်ယောက်ကန်ထဲမှထွက်လာပြီးမကြာပေ။လဲကျသွားတော့သည်။

''နွယ်၀ေ...''

''အရှင်မ..အရှင်မ...''

အနောက်ပိုင်းနဂါးမျိုးနွယ်

ဟေဓိဇေမာန်တိုင်း

အစေခံနတ်ခမ်း၏စကားကြောင့်အမျက်ဒေါသထွက်နေသောပုလ္လင်ပေါ်ကအရှင်နဂါးမင်းဇော၀ိတဟာဒေါသတို့ထိန်းမရဘဲအစေခံအားကြိမ်ဒဏ်ပေးစေဟုအမိန့်တော်ပေးလိုက်လေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Donde viven las historias. Descúbrelo ahora