The God King (part32)

73 11 0
                                    

ညလေတဖြူးဖြူးတိုက်ခတ်ရာကြာရေကန်ရှေ့သို့အစောရောက်လာခဲ့လေသည်။

ဒီညကြယ်လေးတွေကတောက်ပလို့နေလေသည်။အစောကြာကန်ရဲ့ဘယ်ဘက်မှဓားလေ့ကျင့်သံကြားတော့ဒီချိန်ကြီးဒီမှာဘယ်သူမှမလာရဘူးဟုအမိန့်ထုတ်ထားခဲ့သည်ကိုအဘယ်သူကအစောအမိန့်ကိုလွန်ဆန်၀ံ့သနည်း..အစောထိုဓားကျင့်ရာဘက်သို့ရောက်သွားတော့အံ့အားသင့်သွားရသည်

မောင်တော်မှမောင်တော်စစ်စစ်...ဓားရေးကျင့်နေတဲ့သူ၏လှုပ်ရှားမှုတွေကသူ၏ကိုယ်ခန္ဓာပေါ်မှကြွက်သားများကိုပြသနေသယောင်ပင်....လက်တစ်ဖက်ကလှုပ်ရှားလိုက်တိုင်းကြည့်ကောင်းစွာနဲ့သူ၏ဓားသိုင်းကပေါ်လွင်လှသည်။

အစောညဘက်ညီလာခံပြီးတော့အဆောင်တော်ကိုမပြန်သေးဘဲကြာကန်ဆီသို့ထွက်လာခဲ့တာကံကောင်းတယ်ပြောရမလားမောင်တော်နဲ့ထိပ်တိုက်တွေ့လေသည်။သို့သော်မောင်တော်ကသူမရောက်သည်ကိုမင်သတိမထားမိလေသလားဂရုမစိုက်လေသလားသူမဘက်သို့တချက်မျှအမြင်အာရုံမပို့သခဲ့ပါ...

အစောမောင်တော်ဓားလေ့ကျင့်ရာနံ့မနီးမ၀ေး..အဆောင်သေးလေးတစ်ခုကနေထိုင်ရင်းကြည့်နေမိသည်။

ညဘက်ကပိုပြီးအေးချမ်းတယ်တဲ့၀သုန်ညအချိန်မှာဓားမကျင့်ခဲ့ရတာကြာလေပြီး...

ဘယ်ခြေရွှေ့လား...အရှေ့ကိုဓားသွား...

ရွှင့်...

၀ှစ်...

ညာခြေကိုဆုတ်...ဘယ်ကို၀ှက်တဲ့ဓားသွား...

၀ူး...

၀ှစ်...

၀သုန်ထိုနေ့ညကအတန်ကြာသည်အထိဓားရေးကျင့်နေခဲ့သည်။

ဖြောင်း..ဖြောင်း...ဖြောင်း

လက်ခုပ်ဩဘာပေးသံကြောင်၀သုန်အနောက်သို့လှည့်ကြည့်လိုက်လေသည်။

အရှင်မသည်၀သုန်ထံသို့လက်ခုပ်တီးရင်လာနေသည်ကိုတွေ့ရလေသည်။

၀သုန်ဓားကိုဓားအိမ်ထဲထည့်ပြီးပါလာတဲ့ဘူးသီးခြောက်ထဲမှရေကိုမော့သောက်လိုက်လေသည်။

ဓားကျင့်တိုင်းအပေါ်ပိုင်းကိုအ၀တ်စားမ၀တ်တတ်သော၀သုန်ကအခုလည်းအပေါ်ပိုင်းကဗလကြွက်သားများကိုသူမအားပြသနေသယောင်ဖြစ်နေလေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now