The God King (part10)

90 12 0
                                    

၀သုန်မျက်နှာနီရဲသောအမကြောင့်''အမနေမကောင်းလို့လားမျက်နှာနီရဲနေတာဘဲ''

''မဟုတ်ပါဘူး..၀သုန်တို့မင်းအတွက်မနက်စာပြင်ပေးမယ်နော်..''၀သုန်ရှက်ရမ်းရမ်းကာထွက်သွားသောသစ္စာကြောင့်ရယ်ရင်းကျန်ခဲ့လေသည်။

သစ္စာ၀သုန်အိမ်ထဲမှထွက်လာတော့ဘေးနားမှာဟို၄ကောင်ကရှိနေလေသည်။သစ္စာထွက်လာတာကိုမြင်တော့မသိသလိုနဲ့ထွက်သွားပြန်သည်။

''ခိုးနားထောင်နေကြတာလား..ဟို၄ယောက်''

''ခဗျာ..မဟုတ်ပါဘူးကို၀သုန်နေမကောင်းဘူးဆိုလို့လာကြည့်တာပါ..သွားတော့မယ်နော်အမ''

လှထွေးကရှေ့ကနေပြောပြီကျန်တဲ့၄ယောက်ကခေါင်းငြိမ့်ပြလေသည်။

''ပြီးရောလုပ်စရာရှိတာသွားလုပ်တော့''

''ဟုတ်ကဲ့အမ..ဟျောင့်တွေသွားမယ်''

သစ္စာဆီကအမိန့်ရသည်နှင့်ပြေးသွားသောတကောင့်သား၄ကောင်ပင်...

လိပ်ပြာဒီနေ့အ၀ယ်ဒိုင်နဲ့စာရင်းတွေသေချာစိစစ်နေတုန်းဒီနေ့အတွက်ကုန်သစ်တင်သွင်းမည်ဧည့်သည်များရောက်လာလေသည်။

''ကျုပ်တို့က၇ပြည်ထောင်တိုင်းပြည်ကဘုံတေဇကုန်သည်ညီနောင်တွေပါ...ဒီကနှမတို့ဆီမှာကုန်သည်မည့်ကိစ္စဆွေးနွေးချင်လို့ပါ''

''ဟုတ်ကဲ့အဘအထဲမှာအဆင်သင့်စောင့်နေပါတယ်ကြွပါရှင့်..''

ညီနောင်၂ဖော်ကလိပ်ပြာကိုမျက်လုံးကျွတ်ကျမတတ်စိုက်ကြည့်နေပေမယ့်လိပ်ပြာကတော့ထိုသည်ကိုဂရုမစိုက်ပေ။သူမဖခင်ဆီသို့ထိူကုန်သည်၂ဦးကိုခေါ်ဆောင်လာခဲ့လေသည်။

အဘကိုအကျိုးအကြောင်းပြောပြလိုက်တော့အဘက''လာကြကွယ့်..ညီနောင်တို့ကိုကျုပ်မျှော်နေတာဗျာ...''

''ကျုပ်တို့ကုန်ကိစ္စအကြောင်းဆွေးနွေးချင်လို့ပါနောင်ကြီး...ဒီနှစ်အောင်သော၀ေရာတိုင်းကိုတင်သွင့်မည့်ကုန်စည်အစားစာတွေကိုကျုပ်တို့တွေခဗျားတို့တိုင်းပြည်ကထွက်တဲ့စပါးသီးနှံတွေနဲ့လှဲလှယ်ချင်ပါတယ်...''

အရင်တုန်းကဆိုလက်ဆောင်ပဏာများနဲ့ကုန်သွယ်ခဲ့ကြသော၇ပြည်ထောင်ကအခုတော့သူ့တို့အတွက်အမြတ်မရရင်မလုပ်ကြဘူးဆိုသည့်သဘောမျိုးပြောလာတာကြောင့်ဦးရွှေ၀တစ်ယောက်ထိုသည်ကိစ္စကိုအရှင်မအားသွားလျှောက်ထားဖို့ဖြစ်လာပြီး

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now